PART [ 55 ]

10.1K 1.3K 247
                                    

"နောက်လည်း လာလည်ကြနော် သားတို့"

"ဟုတ်ကဲ့...ကျွန်တော်တို့ကို မိသားစုဝင်လို ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်ဗျ...လွမ်းတိုင်းကို နောက်ထပ် လာချင်ပါသေးတယ်"

"အန်တီတို့အိမ်က အမြဲကြိုဆိုနေမှာပါကွယ်"

"ဒါဆို ကျွန်တော်တို့ကို ခွင့်ပြုပါဦးဗျ"

"အေးအေး...ကားကို ဖြည်းဖြည်းမောင်းကြနော်"

"ဟုတ်ကဲ့ဗျ"

"လွမ်း...ကျောင်းဖွင့်ရင် ပြန်တွေ့မယ်နော်"

"ဟုတ်ကဲ့ အစ်ကို"

ခြံတံတိုင်းကို မှီလျက် လက်ပိုက်ရပ်နေသော ဇေရှိန်ဟန်ရဲ့အကြည့်တွေ စိုင်းစေးဆီမှာပဲ တဝဲလည်လည် ရှိနေသော်လည်း စိုင်းစေးကတော့ သူ့ကို နှုတ်ဆက်ဖို့ မပြောနှင့်။ ကားပေါ်ရောက်သည်ထိ တစ်ချက်လေးပင် နောက်လှည့် ကြည့်မသွားပါ။

သဘောကျကြောင်း ဝန်ခံထားသူ အနေဖြင့် ဇေရှိန်ဟန် ရင်ထဲ ခါးသွားသည်။ မနေ့ညနေကတည်းက စိုင်းစေးဟာ သူ့ကို ဘာအဖြေမှ ပြန်မပေးဘဲ ချေချသွားခဲ့တာ မဟုတ်လား။
ငြင်းလည်း မငြင်း၊ စဥ္းစားပေးမယ်လည်း မပြောသည့် အခြေအနေက သူ့ကို ပို ခံရခက်စေ၏။

ဇေရှိန်ဟန့် ဘက်ကတော့ ရှင်းသည်။ သူ စိုင်းစေးကို မြင်မြင်ချင်းကတည်းက စိတ်ဝင်စားသည်။ ထပ်တွေ့ကြတော့ ရင်ခုန်တာ သိသာလာသည်။ သူ စိုင်းစေးကို သူ့ရည်းစား ဖြစ်စေချင်လောက်အောင် သဘောကျသည်။ ကြိုက်နေကြောင်းလည်း ဖော်ပြပြီး အချိန်ကိုက် ဖွင့်ပြောခဲ့သည်။

"ဧည့်သည်တွေ ပြန်သွားတော့လည်း မျက်စိရှာလိုက်တာနော်"

အမေက မျက်စိပဲ ရှာတာပေမယ့် ဇေရှိန်ဟန်ကတော့ ရင်ထဲပါ ဟာသွားတာ ဖြစ်သည်။ ဧည့်သည်အိမ်ဘက်က စိုင်းစေးနေသွားသည့် အခန်းထဲကို ဝင်လိုက်တော့ ပိုတောင် လွမ်းသွားရသည်။ ဇေရှိန်ဟန် သန့်ရှင်းရေး လုပ်ပေးမယ်ဆိုပြီး လာခဲ့သော်လည်း ဘာမှ ရှင်းစရာ မရှိအောင်ပင် စိုင်းစေးတို့က အားလုံးကို သပ်သပ်ရပ်ရပ် ပြန်သိမ်းသွားခဲ့၏။

"စိုင်းစေးတို့က မွန်းလွဲချိန်လောက် အိမ်ပြန်ရောက်ကြတယ်တဲ့...အမေ့ကို ပြောလိုက်ပါဦးဆိုလို့"

Lovey DoveyWhere stories live. Discover now