PART [ 14 ]

12K 1.4K 105
                                    

"ဟယ်...သား Isaac ထိသွားတာလား"

"နည်းနည်းလေးပါ အန်တီ"

"ကျွန်တော် ဆေးထည့်ပေးလိုက်ပါ့မယ်...အမေ ပြန်သွားအိပ်တော့လေ...မနက် ဆိုင်ဖွင့်ရဦးမှာနဲ့"

"အေးအေး...Isaac ကို ဂရုစိုက်လိုက်ပါဦး"

အန်တီနန်းဦး အိမ်ပေါ်  တက်သွားတော့ ခွန်ဦးက ဆေးသေတ္တာလေး ယူပြီး သူ့နံဘေးတွင် လာထိုင်၏။ ခွန်ဦးနှင့်သူ တစ်ယောက်မျက်နှာ တစ်ယောက် ရှင်းရှင်းလင်းလင်း မြင်ရလောက်အောင် နီးကပ်နေသဖြင့် Isaac ရင်ထဲတွင် တဒိတ်ဒိတ်ခုန်လာပြန်သည်။

ခွန့်မျက်ဝန်းတွေဟာ အညိုရောင် ရင့်ရင့်ဖြစ်ပြီး ကြင်နာနွေးထွေးသော အငွေ့အသက်အပြည့်ရှိ်သည်။ မျက်ဝန်းအိမ်ကျယ်ကျယ်ကို ဝန်းရံထားသည့် မျက်တောင်ထူထူတွေက ကော့ညွှတ်မနေသော်ငြား တစ်ချက် ပုတ်ခတ်လိုက်တိုင်း Isaac ရဲ့ နှလုံးသားကို အေးခနဲ ဖြစ်ဖြစ်သွားစေနိုင်စွမ်း၏။

ဘေးတိုက် ကြည့်လျှင်တောင် လက်ရာမြှောက် ပန်းပုလက်ရာလို သေသပ်လွန်းသည့် နှာတံမြင့်မြင့်။ ခွန်ဦး ပြောသမျှ ဘာမဆို Isaac နာခံချင်စရာ ကောင်းလောက်အောင်
မာန်ရှိသော နှုတ်ခမ်းအစုံမှာ ပိရိလျက်။ တည်တည်ကြည်ကြည် ဒီအမျိုးသား အား Isaac ချစ်မြတ်နိုးရခြင်းသည်ကား ရက်လနှစ်တွေကြာလေ ထင်ရှားလေ။

"အမာရွတ် မကျန်လောက်ဘူး မဟုတ်လား"

"မကျန်အောင် ခွန်က ဂရုစိုက်ပေး"

အကြည်စိုက်နေတုန်း ခွန်ဦးက သူ့ဒဏ်ရာကို အရက်ပြန် တို့လိုက်သဖြင့် Isaac မျက်မှောင်ကြုတ်မိသည်။ သွေးစတွေ သန့်စင်သွားမှ ခွန်ဦးက ဂွမ်းတံလေးနဲ့ ဆေးထပ်လိမ်းပေး၏။ လက်မဝက်လောက် ဒဏ်ရာလေးဆိုပေမဲ့ ညာဘက် ပါးပြင်တစ်ခုလုံး ပူထူနေအောင် နာပါသည်။

"ရပြီ"

အနာကပ် ပလာစတာလေးပါ ကပ်ပေးပြီးနောက် ခွန်ဦးက ဆေးဘူးတွေကို ပြန်သိမ်းသွားသည်။ ရှားရှားပါးပါး အတူ ရှိရချိန်လေး ကုန်ဆုံးသွားပြန်ပြီမို့ Isaac နှမျှောတသနဲ့။
ခွန်ဦး သူ့ကို ခြံပြင်အရောက် လိုက်ပို့တာတောင် မပြန်ချင် ပြန်ချင်။ ခွန်ဦးက ဆိုင်ဖွင့်ဖို့ မနက်အစောကြီး ထရမှာမို့သာ သူ အချိန်ဆွဲ မနေတော့တာ ဖြစ်သည်။

Lovey DoveyWhere stories live. Discover now