PART [ 80 ]

9.1K 1.1K 84
                                    

"ပန်းဆိုင်က ကောင်လေးနဲ့ ဘယ်လို ဆက်ဆံရေးလဲ"

အမျိုး မင်္ဂလာဆောင်ကို သွားနေသည့် လမ်းတွင် အမေက မေးလာတော့ သျှားရင့် ရုတ်တရက် ဘာပြန်ဖြေရမှန်းမသိ။

"ခင်မင်ရုံလား...ရည်းစားဖြစ်ချင်နေတာလားလို့ မေးတာ"

သူ အစ်ကို Andrian ကို ဂရုစိုက် ကြင်နာပေးနေမိပေမယ့် အစ်ကို Andrian ဆီကတော့ ဘာကိုမှ မမျှော်လင့်ထားပါ။

"သေချာ ပြောနိုင်တာကတော့ ကျွန်တော်က အစ်ကို့ကို ပျော်စေချင်တဲ့စိတ်ပဲ ရှိပါတယ်"

သူဟာ ငယ်ငယ်ကတည်းက ချစ်ခြင်းမေတ္တာကို ပေးသူ သက်သက်ပဲ ဖြစ်ခဲ့တာကို အမေ အသိဆုံးပဲ မဟုတ်လား။

"အခု မင်းအစ်မ ဝမ်းကွဲကို တင်တောင်းတဲ့ တစ်ဘက် ယောက်ျားလေး မိသားစုက စော်ဘွားမျိုးနွယ်တွေလေ...အမေ မင်းကို အုပ်ထိန်းခွင့်ရဖို့ တရားရင်ဆိုင်ရင်း ဒီအခြေအနေထိ ရောက်လာတာ ဘွားနန်းယိမ်း ရဲ့ကူညီထောက်ပံ့မှုတွေ အများကြီး ပါတယ်"

အမေ သူ့ကို တစ်ခါမှ မပြောဖူးသည့် အကြောင်းအရာတွေမို့ သျှားရင့် ငြိမ်ငြိမ်လေးသာ နားထောင်နေလိုက်သည်။

"ဘွားယိမ်းက မင်းကို တွေ့ချင်တယ်လို့ ပြောနေတာလေ...အမေ မင်းရဲ့ပုံတွေတော့ ပြဖူးပါတယ်"

"ဘယ်လိုလဲ...ချောတယ်တဲ့လား"

အမေက သူမေးတာကို ပြန်မဖြေဘဲ သူ့အား မျက်စောင်း ရွယ် ကြည့်၏။

"မင်းအဖေနဲ့ ရုပ်ပဲတူနော် သျှားရင့်"

"ကျွန်တော်နဲ့ပတ်သက်ပြီး အမေ  ဘယ်တုန်းက ရှုပ်ရှုပ်ယှက်ယှက်တွေ ကြားရဖူးလို့လဲ"

"မကြားရဖူးပေမယ့် တစ်နေ့တစ်နေ့ မင်း account ထဲက ကောင်မလေးတွေ ကျွန်မကို လာလာ add ကြလွန်းလို့ လန့်နေရတယ်...post လေး တစ်ခုတင်ရင်ကို ယောက္ခမကြီး...ယောက္ခမကြီးနဲ့ လာ Ment ကြတာ နည်းနည်းနောနောလား"

"စိတ်ချပါ အမေရာ...အမေ ပူပန်နေသလို ကျွန်တော့်ကြောင့်နဲ့ အမေ စိတ်ဆင်းရဲရမယ့် ကိစ္စမျိုး ရှိလာမှာ မဟုတ်ဘူး...ကျွန်တော့်မှာ အဖေ့သွေးပါပေမယ့် ကျွန်တော်က ကျွန်တော်ပါပဲ"

Lovey DoveyWhere stories live. Discover now