John တို့ ညဘက် လုပ်သည့် မီးပုံပွဲ အစပိုင်းမှာ လွမ်းကိုမြင်နေသေးပေမယ့် Game တစ်ခု ကစားပြီးချိန်ကျ မတွေ့တော့ပေ။
"ပိုးပိုး"
"ရှင့်"
"လွမ်းရော"
"နေသိပ်မကောင်းချင်လို့ အခန်းပြန်နားတော့မယ်ဆိုပြီး EC ကို ခွင့်တိုင်သွားတယ်"
John ချက်ချင်းပဲ Hotelဘက်ကို လိုက်သွားကြည့်ပေမယ့် လွမ်းက အခန်းထဲမှာ မရှိ။
သူ ဖုန်းဆက်ကြည့်လိုက်မှ သောင်ပြင်ပေါ်တွင် လမ်းလျှောက်နေသည်ဟု လွမ်းက ပြန်ပြောလာသည်။
အခုချိန် သောင်ပြင်တွင် လမ်းထွက်လျှောက်သူတွေ အများကြီးရှိနေကြပေမယ့် John သူ့ရဲ့ဘေဘီလေးကို သိပ်မရှာလိုက်ရပေ။
"ဘေဘီ!"
ဖိနပ်တစ်ရံကို လက်တစ်ဖက်က ကိုင်လျက် ခြေဗလာဖြင့် လမ်းလျှောက်နေသော လွမ်းက သူ့ခေါ်သံကိုကြားတော့ နောက်လှည့်ကြည့်သည်။
"မအေးဘူးလား"
John တီရှပ်ပေါ်ကနေ ထပ်ဝတ်ထားသည့် သူ့ Jacket ကို ချွတ်ပြီး ဟာဝေယံ ရှပ်လက်တိုလေးနဲ့လွမ်းကို ဝတ်ပေးလိုက်၏။
"နေမကောင်းချင်ဘူးဆို"
သူ လွမ်းရဲ့နဖူးကို လက်ပြန်စမ်းကြည့်လိုက်တော့ ကိုယ်မပူသော်လည်း မျက်နှာလေးနွမ်းနေတာကိုတော့ သတိထားမိသည်။
"ဘယ်နားက နေလို့အဆင်မပြေတာလဲ"
ဗိုက်အောင့်တာတွေ ဘာတွေ ဖြစ်နေမှာစိုးရိမ်မိပေမယ့် လွမ်းကတော့ သူ့ကို ခေါင်း အသာရမ်းပြ၏။
"ကျွန်တော် စိတ်တွေရှုပ်ထွေးနေလို့ လေညင်းခံ ထွက်လာတာပါ"
သူ့ဘေဘီလေးက စိတ်တွေရှုပ်ထွေးနေသတဲ့လား။ John နားထဲ စိမ်းနေသည့်စကားမျိုးပင်။
"လွမ်း ပြောပြလို့ အဆင်ပြေရင် အစ်ကို့ကို ပြောပြလေ...ဘယ်အကြောင်းကြောင့် စိတ်တွေ ရှုပ်ထွေးနေရလဲဆိုတာ"
လွမ်းက တော်တော်နှင့် နှုတ်မဟတော့ John သူ့မျက်နှာကိုငေးကြည့်နေသည့် မျက်ဝန်းတွေထဲမှာ အဖြေရှာရသည်။
![](https://img.wattpad.com/cover/291302378-288-k987404.jpg)