စိုင်းစေးရဲ့ဘယ်ဘက်ရင်အုံပေါ်ရှိ Tattoo ကို နမ်းနေရင်း ဇေရှိန်ဟန် သွားတွေပါ ယားလာပေမယ့်
"မင်း စေးစေးကို ကိုက်ထားတာလား ရှိန်ဇေ"
ရုတ်တရက် ကိုစိုင်းမာန်ရဲ့အသံကို ကြားယောင်မိတော့ ဇေရှိန်ဟန့် ခေါင်းထဲ အချက်ပေးသံတွေ မြည်ဟီးသွား၏။
စိုင်းစေးက "ကိုမာန် ခရီးသွားတယ်" လို့ ပြောထားတာတောင် အကယ်၍များ
ဒီလိုပုံစံနဲ့ ထပ်မိပါက သူ dojo room ထဲမှာ ထပ်ပြီး ကိုင်ပေါက်ခံရနိုင်ခြေက
ရာနှုန်းပြည့်ပင်။အရင်တစ်ခါကဆို သူ တစ်ပတ်လောက်အထိ ကိုယ်လက်တွေ နာကျင်၊ကိုက်ခဲနေခဲ့တာ မဟုတ်လား။
အခုတော့
ကြွက်သားတွေ ကျစ်ကျစ်လျစ်လျစ်နှင့်ဖြူဖြူဖွေးဖွေး စိုင်းစေးရဲ့ရင်ခွင်တစ်ခုလုံးက တစ်ရှိုက်မက်မက် နမ်းပစ်ချင်စရာ ကောင်းနေသည့်တိုင်
ဇေရှိန်ဟန် ကိုယ့်ရှေ့မှာ အစာမြင်နေရတာတောင် ဟပ်ဖို့ တွန့်နေသော ကျားတစ်ကောင်လို မချိတင်ကဲဖြင့် အစွယ်တွေကို ပြန်သိမ်းလိုက်ရပြီး
သူ စိုင်းစေးရဲ့ရှပ်အင်္ကျီကြယ်သီးတွေကို ပြန်တပ်ပေးတော့ စေးကလည်း သူ့ပေါင်တွေပေါ် ခွထိုင်ထားရာမှ ပြန်ဖယ်ခွာသွားသည်။
"ကိုယ်တို့ ညစာ အတူတူ ချက်စားကြမလား"
"ကောင်းသားပဲ"
သူတို့နှစ်ယောက် မြို့ထဲကို ထွက်လာချိန်က မွန်းလွဲ ၂နာရီ။
မြို့မစျေးကြီးထဲမှာ ဝယ်စရာရှိတာတွေ ဝယ်ပြီး အမောပြေ တစ်ခုခု သောက်ဖို့အတွက် City Square ပေါ်ကို တက်သွားတော့ Ocha ဆိုင်ဘက်ကနေ ထွက်လာသည့် တစ်တွဲတစ်တွဲကို မြင်လိုက်ရ၏။
မိုးပြာရောင် ရှပ်အင်္ကျီဆင်တူဖြင့် ထိုအတွဲမှာ ကောင်လေးဖြစ်သူက သိပ်ချစ်စရာကောင်းနေပေမယ့် နံဘေးက
ထောင်ထောင်မောင်းမောင်းနဲ့ကောင်ကတော့ မြင်ပြင်းကတ်စရာ။ဇေရှိန်ဟန်ကသာ မျက်မုန်းကျိုးနေသော်လည်း သူ့ညီအငဲကတော့ John ရဲ့လက်မောင်းကို ဖက်တွယ်ထားကာ "ကိုကို...ကိုကို" နဲ့ ပြုံးရယ်လို့နေတာပင်။
![](https://img.wattpad.com/cover/291302378-288-k987404.jpg)