PART [ 24 ]

11.9K 1.5K 203
                                    

🎶ဝန်ခံလိုက်ပေါ့ မင်းချစ်တယ်ဆိုလည်း...ငါ မြင်နေတယ် မျက်ဝန်းနက်တွေထဲ🎶

သောကြာနေ့ည ၉နာရီတွင် ဘေးအိမ်ဘက်မှ ဂစ်တာသံ ပျံ့လွှင့်လာ၏။ ထိုအချိန်တွင် ခွန်ဦး စာဖတ်နေရင်း သီချင်းသံကိုလည်း နားစွင့်မိလျက်သား။

🎶လေပြည်တိုးသံလား တောင်ပံခတ်သံလား

ငါ့နားတွေ ဝေဝါးဆဲ...ခြေရာမဲ့ညများ ရောင်စုံအိပ်မက်များ တကယ် ဖြစ်နိုင်ပါ့မလား...

ဘယ်လို ငါ မျှော်လင့်ရမလဲ ပြောပါ...ငါ့ကိုဖြေပေးပါ...ဟန်ဆောင်ခဲ့ အပြုံးတွေရဲ့ အဝေးမှာ တကယ်နာကျင်စွာနဲ့ ငါငိုနေပါတယ်...

ဝန်ခံလိုက်ပေါ့ မင်းချစ်တယ်ဆိုလည်း...ကြာရင် ငါရူးလိမ့်မယ်...ဘယ်လို အကြောင်းပြပြီး ငြင်းနေမှာလဲ...ဒီတစ်ခါ မလှည့်စားတော့နဲ့...တကယ်ဆို ချစ်လျက်နဲ့ မုန်းယောင်ဆောင်ခဲ့တာ ငါမြင်နေတယ် မျက်ဝန်းနက်တွေထဲ🎶

သီချင်းဆိုနေကြသော အသံတွေထဲ တစ်ယောက်သောသူရဲ့ချိုရှရှအသံကိုတော့ မကြားရပေ။ ခွန်ဦး ဖတ်လက်စ စာအုပ်အား ပိတ်လျက် စားပွဲပေါ်  တင်လိုက်မိပြီး တစ်ဆက်တည်းမှာပဲ နေ့လယ်တုန်းက Stadium ထဲကနေ ထွက်သွားခဲ့သည့် ကျောပြင်ကျယ်ကို မြင်ယောင်သွား၏။

🎶ဒဏ်ရာ သမိုင်းတွေက ငါ ကြေကွဲစရာလား ...သံယောဇဥ္ကြိုးလား...စိန်ခေါ်အလှတွေနား အလိုလို တိုးလို့သွား...ငါရုန်းနိုင်ဦးမလား

ဘယ်လို ငါမျှော်လင့်ရမလဲ ပြောပါ...ငါ့ကိုဖြေပေးပါ...ဟန်ဆောင်ခဲ့ အပြုံးတွေရဲ့ အဝေးမှာ တကယ်နာကျင်စွာနဲ့ ငါငိုနေပါတယ်...

ဝန်ခံလိုက်ပေါ့ မင်းချစ်တယ်ဆိုလည်း...ကြာရင် ငါရူးလိမ့်မယ်...ဘယ်လို အကြောင်းပြပြီး ငြင်းနေမှာလဲ...ဒီတစ်ခါ မလှည့်စားတော့နဲ့...တကယ်ဆို ချစ်လျက်နဲ့ မုန်းယောင်ဆောင်ခဲ့တာ ငါမြင်နေတယ် မျက်ဝန်းနက်တွေထဲ🎶

သီချင်း တစ်ပုဒ်လုံး ပြီးဆုံးသွားသည့်တိုင် ထိုအသံပိုင်ရှင်ဟာ တိတ်ဆိတ်လို့နေမြဲပင်။

ခွန်ဦး အိပ်ရာဝင်ကာနီးတွင် ထုံးစံအတိုင်း ဝရန်တာကို ထွက်သည်။ အကြည့်တွေ ဖြန့်ကျက်လိုက်သည့်အခါ ဘေးအိမ်ရဲ့ခေါင်မိုးထပ်ပေါ်တွင် ထိုင်နေကြသော အုပ်စုထဲမှ တစ်ယောက်က ထထွက်သွား၏။

Lovey DoveyWhere stories live. Discover now