PART [ 134 ]

7.6K 1K 124
                                    

"နောက်လည်း လာလည်ကြနော်"

"ဟုတ်ကဲ့ အန်တီသီတာ...ကျွန်တော်တို့ကို ဂရုစိုက်ပေးလို့ ကျေးဇူးအများကြီး တင်ပါတယ်ဗျ"

"သားတို့ လာလည်တိုင်း အန်တီတို့အိမ်လည်း ပျော်ရပါတယ်ကွယ်"

"ဟုတ်ကဲ့...ဒါဆို ခွင့်ပြုပါဦးဗျ"

"အမေ ကျွန်တော်တို့လည်း သွားပြီနော်"

"အေးအေး...ကား ဖြည်းဖြည်းမောင်းကြ"

လျှံသောတတို့ သူငယ်ချင်း ၄ ယောက်က ကားတစ်စီး၊ လွမ်းတို့ ညီအစ်ကိုတွေက ကားတစ်စီးဖြင့် လွမ်းတိုင်းကနေ ထွက်လာကြတာ မနက် ၇နာရီဖြစ်သည်။

အန်တီသီတာက သူတို့ကို မနက်စာ ကျွေးလိုက်သည့်အပြင် လမ်းမှာစားဖို့ဆိုပြီး လွမ်းတိုင်းရွာထွက် လိမ္မော်သီးနှင့်စတော်ဘယ်ရီသီးတွေလည်း ခြင်းနဲ့ ထည့်ပေးလိုက်သေး၏။

သူတို့တွေ ဟဲဟိုးလေဆိပ်ကို ရောက်တော့ မနက် ၈ နာရီခွဲပြီ ဖြစ်ကာ စိုင်းစေးက သူ့ရည်းစား လေယာဥ်ပေါ် တက်သည့်အချိန်အထိ နှုတ်ဆက်ချင်သည်ဟု ဆိုသဖြင့် လျှံသောတတို့လည်း အတူတူ စောင့်ပေးကြရသည်။

"ရောက်ရင် ဖုန်းဆက်နော်"

"အင်း...နောက်တစ်ပတ်ကျ တောင်ကြီးမှာ ပြန်တွေ့မယ်"

ကိုစျာန်ဩရနှင့်ရှိန်ဇေတို့ ညီအစ်ကိုနှစ်ယောက် လိုက်ပါသွားသည့် လေယာဥ်ထွက်ခွာသွားတော့မှပဲ သူတို့တွေ လေဆိပ်ထဲကနေ ပြန်ထွက်လာကြ၏။
လေဆိပ် လမ်းခွဲတွင် ရှေ့က ကိုနိုင်ယံခန့်ရဲ့ကား ရပ်သွားသည့်အခါ သျှားရင့်ကလည်း ကားရပ်လိုက်သည်။

"ငါ လွမ်းကို နှုတ်ဆက်လိုက်ဦးမယ်"

ကိုနိုင်ယံ့ကားပေါ်ကနေ လွမ်း ဆင်းလာတော့ Johnက ကားပေါ်မှဆင်းသွားကာ လွမ်းနှင့်စကားပြောနေ၏။ ဘာတွေပြောနေကြလဲ မကြားရပေမယ့်
၂မိနစ်လောက်နေတော့ ကားပေါ်ပြန်တက်လာသည့် Johnက ပြုံးပြုံးကြီး ဖြစ်သည်။

"တာ့တာ လွမ်း"

လျှံသောတတို့တွေ ကားပေါ်ကနေ နှုတ်ဆက်တော့ လွမ်းကလည်း ပြုံးရွှင်စွာဖြင့် သူတို့ကို ပြန်လည်ကာ လက်ဝှေ့ယမ်းပြပါ၏။

Lovey DoveyWhere stories live. Discover now