PART [ 108 ]

9K 1.1K 306
                                    

"လိုက်ပို့လို့ ကျေးဇူးတင်ပါတယ်ဗျ...လွမ်း ငါ သွားပြီ"

အစ်ကို John က လွမ်းကို လာကြိုရင်းသူ့ သူငယ်ချင်း ခေါင်ယံ့ကိုပါ အဆောင်ထိ လိုက်ပို့တာ ဖြစ်သည်။
ခေါင်ယံ ကားပေါ်ကနေ ဆင်းသွားတော့ ကားနောက်ခန်းတွင် လွမ်း တစ်ယောက်ပဲ ကျန်၏။

"တာ့တာ"

ရှေ့ခန်းမှာက ကားမောင်းသည့် အစ်ကို John နှင့် အစ်ကို စိုင်းစေး ထိုင်သည်။ အစ်ကို John ရဲ့ ကားနောက်မှာ အစ်ကို Isaac ၊ အစ်ကို လျှံသောနှင့်အစ်ကိုသျှားရင့်တို့ သုံး ယောက်က ကားတစ်စီးဖြင့် လိုက်လာ၏။

"ဟေ့...အသည်းလေး"

မနေ့က လွမ်းကို နှောင့်ယှက်ခဲ့သည့် လူတွေဟာ ဒီနေ့လည်း မနေ့က နေရာမှာပဲ ရပ်နေကြကာ လမ်းသွားလမ်းလာ ကောင်မလေးတွေကို လိုက်ပြီး နှုတ်သရမ်းနေပြန်ပါသည်။

"လွမ်း...အဲဒီကောင်တွေလား"

သူ ခေါင်းညိတ်ပြလိုက်တော့
အစ်ကိုက လမ်းထောင့်တွင် ကားရပ်လိုက်ပြီး အစ်ကို ကားရပ်တာ မြင်တော့ နောက်က အစ်ကို Isaac တို့ ကားလည်း ရပ်သွား၏။

"ကိုယ်ထိလက်ရောက် လုပ်တာ ဘယ်ကောင်လဲ"

"အင်္ကျီအနီနဲ့တစ်ယောက်ဗျ"

အစ်ကို John ကားပေါ်မှ ဆင်းသွားတော့ အစ်ကိုစေးက Driver seat တွင် နေရာ ရွှေ့ထိုင်သည်။

"စေး...လွမ်းကို ခေါ်သွား"

နောက်ကားပေါ်ကနေ ဆင်းလာကြသည့် အစ်ကို Isaac တို့ကတော့ အစ်ကို John ရဲ့ နောက်ကို လိုက်သွားကြတာမို့ ဒီလောက်ဆို ဘာဆက်ဖြစ်မလဲ လွမ်း သဘောပေါက်ပါပြီ။

"ကိုကို!"

အစ်ကိုJohn က လွမ်းပြောသည့် အင်္ကျီ အနီရောင်နှင့်လူကို ခွပ်ကနဲ လက်သီးနှင့်ဝှိုက်ထိုးလိုက်တာကိုပဲ မြင်လိုက်ရပြီး အစ်ကိုစေး ဆက်မောင်းသည့် ကားပေါ်မှာ လွမ်း ပါသွားတော့သည်။

"John တို့ အဆင်ပြေကြမှာပါ...လွမ်း ဘာမှ စိတ်မပူနဲ့"

အစ်ကိုစေးက သူ စိတ်သက်သာရာရအောင် ပြောနေပေမယ့် သူ့ကြောင့် အစ်ကိုတို့ ထိခိုက်မှာကို လွမ်း စိုးရိမ်၏။ လွမ်းတို့ အဆောင်ကို ​ပြန်ရောက်တော့ အဆောင်ရှေ့မှာ ဆိုင်ကယ်နှင့်ရပ်နေသည့် ကိုငယ့်ကို တွေ့လိုက်ရသည်။

Lovey DoveyWhere stories live. Discover now