PART [ 111 ]

9.6K 1.1K 111
                                    

"ဆိုတော့...ပြောပါဦး...ဘယ်သူ့ဘက်က စပြီး လှုပ်ရှားတာလဲ"

လျှံသောတရဲ့အခန်းထဲရှိ Sofa ရှည်ပေါ်တွင် တင်ပလင်ခွေထိုင်လျက် တံတောင်တစ်ဘက်က ဆိုဖာနောက်မှီပေါ် ကပ်တင်ပြီး သက်သောင့်သက်သာ အနေအထားဖြင့် သျှားရင့်က ​လျှံသောတ ပြောမည့် စကားတွေကို အာရုံစိုက်​ထားပေမယ့် အခုထိ စိတ်လှုပ်ရှားနေသေးပုံရသော လျှံသောတကတော့ သူနှင့်မျက်နှာချင်းဆိုင်လျက် ခါးမတ်မတ် ထိုင်ပြီးမှ

"ငါ့ဘက်က စတာ" ဟု ဖြေလာသည်။

လျှံသောနှင့်ကိုသူရတို့ တချိန်တော့ ငြိကြလိမ့်မယ်ဆိုတာကို သျှားရင့် ကြိုမြင်ပြီးသားဆိုပေမယ့် တကယ်တမ်း ကြားရတော့လည်း အံ့ဩနေမိသည်။

"ခါတိုင်းလို မင်း မူးနေလို့ ပေါက်ကရ လုပ်ခဲ့မိတာလား ဒါမှမဟုတ် သိသိကြီးနဲ့ ရှေ့ဆက်တိုးခဲ့တာလား"

သူမေးသမျှ မေးခွန်းတွေကို မဖြေခင် လေးလေးနက်နက် စဥ်းစားနေသည့် လျှံသောရဲ့ ပုံစံကလည်း မြင်ရခဲသည် မဟုတ်လား။

"ဒုတိယတစ်ခါ နမ်းတဲ့အချိန်ကျ ငါ မမူးတော့ဘူးလေ...အဲတော့ သိသိကြီးနဲ့ ရှေ့တိုးခဲ့တာပေါ့"

ဒီလောက်ဆို လျှံသောလည်း ကိုသူရအပေါ် ခံစားချက် ရှိနေတာ သေချာပါပြီ။

"ဒါဆို ကိုသူရနဲ့ ဘယ်လို ရှေ့ဆက်သွားမလဲ"

"မနက်ကျမှ သူနဲ့တွေ့ပြီး စကားပြောကြည့်ရမှာပဲ"

ဒီညနေ ဖြစ်ခဲ့တဲ့ အခြေအနေအပေါ် လိုက်ပြီး ကိုသူရနှင့်ဆက်ဆံရေးကို အဆင့်တစ်ခု အတည်ပြုဖို့ လိုကြောင်း သျှားရင့် မပြောလည်း လျှံသောတ ကောင်းကောင်း သိသည်။

"မင်း ဖုန်းဆက်ဆက်ချင်း ပြေးလာခဲ့တာ...ငါ ညစာတောင် မစားရသေးဘူး"

"သွားစားရအောင်...ငါလည်း ဗိုက်ဆာနေပြီ"

သျှားရင့်တို့ သူငယ်ချင်းနှစ်ယောက် အောက်ထပ်တွင် ညစာ စားပြီး အပေါ်ထပ်ကို ပြန်တက်လာကြတော့ ည ၇ နာရီ ထိုးပြီ ဖြစ်သည်။ သူတို့တွေ Game Room ထဲမှာ ဂိမ်း ၃ ပွဲလောက် ကစားပြီးနောက် သျှားရင့် ငိုက်လာသဖြင့် ဂိမ်းကစားတာကို နားလိုက်ကြ၏။

Lovey DoveyWhere stories live. Discover now