PART [ 12 ]

12.7K 1.5K 152
                                    

လွမ်း ဒီအပါတ် အိမ်မပြန်ဖြစ်ခြင်းသည် Welcome အတွက် အကတိုက်ရမှာကြောင့်လည်း ပါ၏။ မနေ့က အဆောင်မှူးရဲ့မွေးနေ့အလှူတွင် သွားကူပေးခဲ့ပြီး ယနေ့ တနင်္ဂနွေမှာတော့ စီနီယာတွေက အကတိုက်ဖို့ ခေါ်ထားသဖြင့် အဆောင်ကနေ မနက် ၉နာရီတွင် ထွက်လာခဲ့သည်။

"ချာတိတ်"

"ဗျာ"

"အကတိုက်ဖို့ သွားမှာလား"

"ဟုတ်ကဲ့"

"ကိုယ်လည်း သွားမလို့ပဲ...လာ ကိုယ်နဲ့လိုက်ခဲ့"

နဂို စိတ်အရင်းခံက အားနာတတ်သူမို့ လွမ်း ဘယ်လို ငြင်းရမလဲ မသိပါ။ လူစုမည့် အဝေရာကွင်းက အဆောင်နှင့် သိပ်မဝေး၍ ဆယ်မိနစ်လောက် လမ်းလျှောက်သွားရင် ရောက်သည်။ ဒါပေမဲ့ အစ်ကိုက ခြံရှေ့တွင် ကားရပ်ထားကာ သူ့ကို မြင်တာနဲ့ ကားတံခါးပါ အဆင်သင့် ဖွင့်ထားပေးပုံအရ အတူတူသွားဖို့ တမင် စောင့်နေဟန်။

"သိပ်မဝေးလို့ ကျွန်တော် လမ်းလျှောက်ပဲ သွားလိုက်ပါ့မယ်ဗျ"

"အဲ့ဒါဆို ကိုယ်လည်း  လမ်းလျှောက်မယ်"

"Isaac!"

"What?"

"ငါ့ကားကို ခြံထဲ ပြန်သွင်းပေးပါလား"

"Okay"

အစ်ကိုက ကားတံခါးကို ပြန်ပိတ်လို်က်ပြီး လက်ထဲက သော့ကိုတော့ သူ့သူငယ်ချင်းဆီ ပစ်ပေးလိုက်သည်။

"သွားကြမယ်လေ"

"ဟုတ်"

အစ်ကိုနဲ့ဘေးချင်းယှဥ္လျှောက်ပါမှ အရပ်ကွာခြားမှုက သိသာနေကာ သူက အစ်ကို့ပုခုံးကို မမှီတမှီ။ အရပ်ခြောက်ပေမြင့်သည့် ကိုကြီးတို့ ကိုငယ်တို့ကိုတောင် သူ ပုခုံးမှီပါ၏။ အစ်ကိုJohnက ခြောက်ပေကျော်ပုံရသည်။ ကားလမ်းဘေး ရောက်တော့ အစ်ကိုက ယာဥ္ကြောဘက်ကနေ လျှောက်ပြီး သူ့ကို ကာထားပေးသလိုမျိုး။

"ချာတိတ် အသက် ဘယ်လောက်လဲ"

"လာမဲ့ June လဆိုရင် ၁၇ နှစ် ပြည့်မယ်ဗျ"

"ကျောပိုးအိတ် ကူလွယ်ပေးရဦးမလား"

"ရပါတယ်ဗျ"

သူ့လွယ်အိတ်ထဲတွင် ဖုန်း၊ ရေဘူး၊အဆာပြေ ပေါင်မုန့်နှစ်ထုပ် နှင့် လျှပ်စစ်ပန်ကာအသေးလေး တစ်ခုသာ ပါတာမို့ သယ်ရတာ မလေးပါ။ ကားလမ်းကူးပြီး အဝေရာကွင်းထဲ ဝင်သည့်အခါ အစ်ကိုက လူစုနေသည့် အဆောက်အဦးဆီ လက်ညွှန်ပြသည်။ သူတို့ ရောက်သွားတော့ လူတောင် အတော်စုံနေပြီ။

Lovey DoveyWhere stories live. Discover now