PART [ 48 ]

9.6K 1.2K 41
                                    

"တောင်ပေါ်ထိ လမ်းလျှောက်ရဦးမယ်...အဆင်ပြေလားဗျ"

"အေးဆေးပါ"

John မြင်သလောက် လွမ်းရဲ့တက္ကသိုလ်ကျောင်းသားဘဝနှင့်ရွာမှာနေထိုင်သည့်ပုံစံလေးက သိပ်မတူပါ။ ကျောင်းမှာဆို လွမ်းက တစ်ခွန်းမေးမှ တစ်ခွန်းဖြေတတ်ပြီး ရွာမှာကျတော့ သွက်သွက်လက်လက်ကလေးဖြစ်နေသည်။ သူ လွမ်းတိုင်းကို လာလည်လိုက်မှ လွမ်းနဲ့ပိုရင်းနှီးသွားသလိုတောင် ခံစားရ၏။

"လွမ်းတိုင်းမှာ နှစ်ရှည်ပင်တွေ အများကြီးပဲနော်"

"ဟုတ်တယ် ကိုစေး...လွမ်းတိုင်းမှာက ကလေးတစ်ယောက်မွေးတိုင်း အပင် ဆယ်ပင် စိုက်တဲ့ ဓလေ့ရှိတယ်ဗျ...ဒီ ထင်းရှူးပင်တွေဆို ကျွန်တော် မွေးတုန်းက ကိုကြီးတို့ စိုက်ထားတာလေ...ဒါ ကျွန်တော်နဲ့အတူတူ ကြီးပြင်းလာတဲ့ အပင်တွေပေါ့"

"ဒီလို နာမည်ထိုးထားတဲ့ ချယ်ရီပင်တွေကျတော့ရော"

"အဲ့ဒါက ချစ်သူစုံတွဲတွေ အတူစိုက်ထားကြတဲ့ အပင်တွေဗျ...ချစ်သူဘဝဆိုရင် ဒီလိုမျိုး လူတိုင်း မသိနိုင်တဲ့ နာမည်အတိုကောက်လေးတွေ ထွင်းကြပြီး လက်ထပ်ပြီး စိုက်တဲ့ချယ်ရီပင်မှာဆို နာမည်နှစ်ခုကို ပေါင်းရေးကြတယ်ဗျ"

လွမ်း ပြောပြတာကို စိတ်ဝင်စားစွာဖြင့် စေးက လမ်းမှာတွေ့သမျှ နာမည်တွေကို သေချာလိုက်ဖတ်နေပေမဲ့ John ကတော့ လွမ်းနဲ့သူ့ရဲ့ချယ်ရီပင်ကို ဘယ်မှာ စိုက်ရင်ကောင်းမလဲဟု နေရာရွေးနေမိသည်။

"လွမ်းတို့ညီအစ်ကိုတွေရော ချယ်ရီပင် စိုက်ပြီးကြပြီလား"

"တစ်ယောက်မှ မစိုက်ရသေးပါဘူးဗျာ"

လက်ဖက်ခင်းသို့ဝင်ရာ တောင်စောင်းတစ်လျှောက်မှာလည်း ချယ်ရီပင်နှင့် စိန်ပန်းပြာပင်ကြီးတွေကို လမ်းဘေးဝဲယာ၌ တစ်ပင်ကျော်စီစိုက်ထားကြတာမို့ ယခုလို နွေရာသီကျ ခရမ်းရောင်လွမ်းလျက်ရှိကာ ဆောင်းရာသီဆိုလျှင်တော့ ပန်းရောင် ချယ်ရီပန်းတွေ ဝေနေလိမ့်မည်။

"ကိုလတ်!"

"ဒီကိုလာ အငဲ"

မနက်မလင်းခင်ကတည်းက တောင်ပေါ်တက်သွားသော ကိုနိုင်ယံခန့်က ဝန်ထမ်းတွေနှင့်အတူ လက်ဖက် ခူးနေပြီ ဖြစ်သည်။
Johnတို့လည်း ခူးချင်သည်ဟုဆိုတော့ လွမ်းက သူတို့နှစ်ယောက်ကို ခမောက် ဆောင်းစေကာ လွယ်ပလိုင်း တစ်ယောက်တစ်လုံးစီ ပေးလာ၏။

Lovey DoveyWhere stories live. Discover now