PART [ 43 ]

9.7K 1.2K 42
                                    

လွမ်း Online ပေါ်တက်မလာတာ တစ်ပါတ်ရှိပြီ။

သူ Chat box ကနေ စာပို့ထားတာကိုလည်း အခုထိ Seen မပြသေး။

ကျောင်းပိတ်ရက်ဆို ဖုန်းသိမ်းခံရတာမျိုးလားဟု တွေးမိပေမဲ့ ချာတိတ်က အဲ့လောက်ထိ စည်းကမ်းတင်းကြပ်ခံရသည့် ကလေးတော့ ဟုတ်ပုံ မရ။

စာမေးပွဲ ပြီးသည့်နေ့ သူတို့တွေ ညစျေးသွားလည်ကြတုန်းက သူ လွမ်းကို နွေရာသီကျရင် ဖုန်းအဆက်အသွယ် လုပ်ချင်ကြောင်း ပြောဖြစ်ခဲ့သေးသည်။

John ဖုန်းဆက်ကြည့်လိုက်ချင်ပေမဲ့လည်း Chat box က ပြန်စာကိုပဲ အရင်မျှော်နေမိခြင်း။

ချာတိတ်ဟာ နာမည်နှင့်လိုက်အောင်ပင် သူ့ကို လွမ်းစေပါ၏။

"ဒေါက် ဒေါက် ဒေါက်"

အမေ သူ့ အခန်းတံခါးကို ခေါက်နေတာတောင် မကြားနိုင်ဘဲ သူ့အာရုံက "ကိုကို့ရဲ့ရွှေရင်အေး💙" ဟူသော Contact name လေးဆီမှာ။

"John!"

"ဗျ"

အနောက်ကနေ အမေ သူ့ပခုံးကို လာပုတ်ပါမှ John နောက်လှည့်ကြည့်လိုက်မိသည်။

"ရည်းစားကို လွမ်းနေတာလား ခေါ်မကြား အော်မကြား"

"မဟုတ်ပါဘူး အမေရာ"

သူ Desktop ကို Shut Down လုပ်ပြီး ဆုံလည်ထိုင်ခုံပေါ်ကနေ ထလိုက်တော့ ဆင်စွယ်ရောင် Dress နဲ့ ကျော့ရှင်းလှပနေသော အမေက သူ့ကို ခြေဆုံးခေါင်းဆုံး တစ်ချက် ကြည့်၏။

"ဦးထက်နိုင်ရဲ့ မွေးနေ့ Party ကို အတူသွားမယ် လို့ ပြောထားတယ်လေ John"

"ဟုတ်သားပဲ"

"မြန်မြန် ပြင်ဆင်ခဲ့...အမေ အောက်ထပ်မှာ စောင့်နေမယ်"

"Yes"

အမေ အခန်းပြင် ထွက်သွားတော့ John Dressing room ထဲ ဝင်ပြီး Suit တွေချည်း သီးသန့်ထားသည့် မှန်ဗီရိုကို ဆွဲဖွင့်လိုက်၏။

လူကြီးတော်တော်များများ တက်မည့် Party မို့ Formal ကျသည့် နက်ပြာရောင် Suit တစ်စုံကို ရွေးခဲ့ကာ ဖိနပ်စင်ပေါ်မှ အနက်ရောင် Oxford Shoes တစ်ရံ လှမ်းယူလိုက်သည်။

John အဝတ်လဲပြီးနောက် ဆံပင်သပ်သပ်ရပ်ရပ် ဖြီးကာ အမေ့ Company ကထုတ်ထားသည့် ရေမွှေးကို လက်ကောက်ဝတ်တွင် ဆွတ်လိုက်၏။

Lovey DoveyWhere stories live. Discover now