PART [ 3 ]

17.3K 1.7K 82
                                    

"ဒါ ချာတိတ်တို့ Practical လုပ်ရမဲ့အခန်း"

"ကျေးဇူးတင်ပါတယ်ဗျ"

အတန်းထဲတွင် ဆရာမတွေ ရောက်နေပြီမို့ လွတ်တဲ့နေရာမှာ ခပ်သွက်သွက် နေရာဝင်ယူလိုက်သည့် ကောင်လေး။ John လည်း အတန်းချိန် စတော့မည်ဖြစ်၍ Lab ဆောင်ကနေ ပြန်လှည့်ထွက်လာခဲ့ရသည်။ ကျောင်းစဖွင့်သော ရက်ဖြစ်ပေမဲ့လည်း မဟာတန်းမှာ ပျက်ကွက်သူမရှိ။ ၁၂ နာရီ အတန်းပြီးတော့ သူတို့ဌာနရဲ့နံဘေးရှိ RC ဆောင် အပေါ်ထပ်သို့ တက်ခဲ့သည့်အခါ ထိုင်နေကျ ဆိုင်တွင် စိုင်းစေးနှင့် Isaac က ရောက်နှင့်နေပြီ။

Isaac က အင်္ဂလိပ်စာ မဟာတန်းကျောင်းသားဖြစ်ပြီး စိုင်းစေးကတော့ ရူပဗေဒ မဟာတန်းကျောင်းသားဖြစ်သည်။ သူတို့သုံးယောက်ထဲမှာ စိုင်းစေးတစ်ယောက်သာ တက္ကသိုလ်ဆရာ ဖြစ်လို၍ မဟာတန်းအထိ တက်နေပေမဲ့ Isaac က သချင်္ာစာ မဟာတန်းကျောင်းသား ခွန်ဦးနှင့်မခွဲနိုင်၍ စာကြိုးစားနေရခြင်းဖြစ်ပြီး John ကတော့ လက်ထပ်ရမည်စိုး၍ ကျောင်းပျော်လုပ်နေခြင်း။ သူတို့နဲ့တစ်အိမ်တည်း အတူနေသော ကျန်သူငယ်ချင်းနှစ်ယောက်ကတော့ မေဂျာတူ ဥပဒေကျောင်းသားတွေဖြစ်ကြသည်။

"ဘာစားမလဲ John"

"ကတ်ကြေးကိုက် နဲ့ စတော်ဘယ်ရီ တစ်ခွက်"

ဆိုင်အပြင်ဘက်တွင် နေရာချထားသော အစွန်ဆုံး စားပွဲ၌ သူတို့အဖွဲ့ အမှာစောင့်နေစဥ္ သူ့အကြည့်တွေက ခုံနှင့်ကပ်နေသည့် မှန်နံရံကို ဖြတ်ကာ RCဆောင်ရဲ့ရှေ့လမ်းပေါ်သို့ စိုက်ကျသွား၏။ Sweatshirt အဖြူစွတ်စွတ်နှင့်နှင်းရုပ်လေးလို ချစ်စရာကောင်းနေသည့် ချာတိတ်ကို လူမှားစရာမရှိပေ။ ဖုန်းကို နားတွင် ကပ်လျက် ဟိုကြည့်သည်ကြည့်ဖြင့်မျက်ဝန်းနက်နက်တွေဟာ ဝိုင်းစက်လျက်။ ခဏအကြာတွင် ရွယ်တူ ကောင်လေးတစ်ယောက် ရောက်လာတော့ ပြုံးလိုက်သည့် နှုတ်ခမ်းတွေဟာလည်း စတော်ဘယ်ရီလို ရဲထွေးလို့။

ကောင်လေးရဲ့အသားအရည်က လူအများကြား ထင်းနေအောင်ကို ဖြူသည်။ ပါးအို့လေးတွေမှာ သွေးရောင်ဖျော့ဖျော့ သမ်းနေပုံများ ခပ်လှမ်းလှမ်းကနေ မြင်ရတာတောင် အသည်းယားဖွယ်။ နဖူးရှေ့တစ်ချို့တစ်ဝက်ပြန်ဝဲကျနေတဲ့ ဘေးခွဲ မကျတကျ ဆံပင်တွေက အညိုရင့်ရောင် ဆိုးထားသလား နဂိုအရောင်ပဲလားမသိ။ အဝတ်အစား ဝတ်ပုံ သပ်ရပ်သည့် ကောင်လေးရဲ့ကိုယ်ပေါ်မှာ Sweatshirt အဖြူစွတ်စွတ်၊ အနက်ရောင် Loose pant နဲ့ ​ခြေထောက်မှာ စီးထားသည့်Black and White Sneakersတွေအထိ သန့်ပြန့်နေကာ ပုခုံးတစ်ဘက်ပေါ် ချိတ်ထားသည့် ကျောပိုးအိတ် အနက်မှာလည်း ယုန်ရုပ် Key chain လေးက တလှုပ်လှုပ်။

Lovey DoveyWhere stories live. Discover now