PART [ 22 ]

12K 1.3K 126
                                    

သူငယ်ချင်း ငါးယောက် အတူနေသော အိမ်တွင် စိုင်းစေးရဲ့အခန်းက အသပ်ရပ်ဆုံးဖြစ်သည်။ အိမ်အပေါ်ထပ်၌ John နှင့် Isaac၊ သျှားရင့်နှင့်လျှံသောတတို့ အခန်းတွေက မျက်နှာချင်းဆိုင်ဖြစ်ပြီး စိုင်းစေးအခန်းကတော့  အလယ်ဘက် ထိပ်တွင် နေရာယူထား၏။ သူ့အခန်း အပြင်အဆင်ဟာ ပရိဘောဂ၊ပစ္စည်းတွေ အပိုအလိုမရှိ ရိုးရိုးရှင်းရှင်းပင်။ ဘောပင်တစ်ချောင်းမှအစ နေရာတကျ ထားတတ်သည့် စိုင်းစေးက သူ့အခန်းကို သုံးရက်တစ်ကြိမ်တော့ သန့်ရှင်းရေး ပုံမှန် လုပ်လေ့ရှိသည်။

သူတို့အိမ်က အကျယ်ကြီးမို့ အိမ်သန့်ရှင်းရေးကိုတော့ နှစ်ပါတ်တစ်ခါ သူငယ်ချင်းတွေ အကုန်လုံး တစ်နေရာဆီ တာဝန်ခွဲယူကြ၏။ အပေါ်ထပ်တွင် ဘုရားခန်း၊ living room၊ Balcony နှင့် Bedroomတွေ ရှိပြီး အောက်ထပ်တွင်မူ ဧည့်ခန်း ၊ Kitchen ၊ Dining room ၊ Gym room တွေအပြင် နားနေခန်းတစ်ခု ဖွဲ့ထားသေးသည်။ နားနေခန်းမှာက Music Instrument တွေရယ်၊ Game ကစားဖို့ နေရာ၊ Mini Bar နှင့် Billiard Table လည်းရှိသည်။

အိမ်အပြင် ခြံဝန်းထဲ၌ Car parking၊ Basketball court ၊ ရေကူးကန်နှင့် Tennis ကွင်းရှိကာ အိမ်နောက်ဖေးတွင်တော့ Landscape Garden။

Architect ဖြစ်တဲ့ အစ်မ Isabel က သူတို့နေမည့် အိမ်အတွက် Design ဆွဲပေးပြီး

ကျောင်းတက်နေစဥ္ကာလမှာရော အဲ့ဒီ့နောက် ဘယ်အချိန်မဆို သူတို့ သူငယ်ချင်းတွေ ဆုံကြမည့် နေရာအဖြစ် ရည်ရွယ်ပြီး ဒီအိမ်ကို ဆောက်ခဲ့ကြခြင်း။

အတူနေလာခဲ့တဲ့ ငါးနှစ်အတွင်းမှာလည်း
သူတို့ကြားက သံယောဇဥ္ဟာ တစ်နှစ်ထက်တစ်နှစ် ပို ခိုင်မြဲလာ၏။ တစ်ယောက်နှင့်တစ်ယောက် ဆက်ဆံရေးမှာ ပဋိပက္ခဖြစ်ရတာမျိုး တစ်ကြိမ်တစ်လေမှ မရှိဖူးဘဲ သူတို့ Friendshipက နားလည်မှုကို အခြေခံသည်။

"အပြင်သွားကြမယ်လေကွာ!...အတန်းတွေရော Training ရောကြောင့် ပင်ပန်းနေပြီ...လန်းချင်တယ်"

လျှံသောတက ဆော်ဩလိုက်တော့ အခန်းတွေထဲကနေ အလျှိုလျှိုထွက်လာကြတဲ့ သူတို့ငါးယောက် Living room မှာ ဆုံကြ၏။

"ဘယ်သွားချင်လဲ"

"Bar? Club?"

"ဟာ အားကုန်နေတယ်ပါဆို မကဲနိုင်ဘူးကွ"

Lovey DoveyWhere stories live. Discover now