"ကိုငယ်"
အနက်ရောင် Lamborghini ကားပေါ်မှ ဆင်းလာသော အငဲက အဆောင်ရှေ့တွင် ရပ်နေသည့် ဇေရှိန်ဟန့်ကို မြင်တော့ လန့်သွား၏။ ကျောင်းထဲတွင် John နဲ့ သူတို့အငဲကို အမြဲ တစ်တွဲတွဲ မြင်နေခဲ့ရလည်းပဲ မေဂျာတူမို့ ဆိုပြီး ဇေရှိန်ဟန် ဘာမှ မပြောခဲ့တာဖြစ်သည်။
"ကိုလတ်က မုန့်ဖိုးထည့်ပေးလိုက်လို့ လာပို့တာ...ရော့"
"ဟုတ်"
ဇေရှိန်ဟန်ရဲ့ မျက်နှာထား တင်းတင်းကြောင့်
သူပေးသည့် စာအိတ်လေးကို လှမ်းယူတာတောင် လက်တွန့်နေသည့် အငဲ။ ညီအငယ်ဆုံးလေးမို့ အလိုလိုက်ထားပေမယ့် သူစိမ်းယောက်ျားရဲ့ကားနဲ့ကျောင်းသွား ကျောင်းပြန် လုပ်နေခြင်းကိုတော့ ဇေရှိန်ဟန် လုံးဝ မကြိုက်။"လွယ်အိတ်ထားပြီးရင် ထွက်ခဲ့ဦး"
"ဟုတ်ကဲ့"
အဆောင်ရှေ့မှာ ဆူမိရင် အဆောင်သားတွေကြား မျက်နှာငယ်ရမည် စိုး၍ ဇေရှိန်ဟန် သူ့ညီကို လူရှင်းတဲ့ အဝေရာကွင်းထဲသို့ ခေါ်သွားလိုက်သည်။ တစ်လမ်းလုံး ဆိုင်ကယ်ပေါ်မှာ ငြိမ်ငြိမ်လေး လိုက်လာခဲ့သော အငဲက အခုလည်း ကိုယ့်အပြစ်ကိုယ် သိသည့် ကလေးလို သူ့ရှေ့မှာ ယို့ယို့လေး ရပ်နေ၏။
"အငဲ...အခု အသက် ဘယ်လောက်လဲ ပြော"
"လာမဲ့ အပတ်မှ ၁၇ ပြည့်မှာ"
"အဲ့တော့ ကိုယ့်ကိုယ်ကိုယ် လူကြီး ဖြစ်ပြီလို့ ထင်လား"
"ဟင့်အင်း"
"ဒီအရွယ်နဲ့ ဘယ်သူက လူကောင်း လူဆိုးဆိုတာတောင် မခွဲခြားတတ်သေးဘဲ John ကို ဘာတွေ ယုံစားနေတာလဲ အငဲ"
"အစ်ကို John က လူကောင်းပါ...ကျွန်တော့်ကိုလည်း ဂရုစိုက်ပေးတယ်...ပြီးတော့..."
"တော်!"
သူ လေသံမာတာနဲ့ မျက်ရည်တွေ ဝဲတက်လာတဲ့ အငဲဟာ အသည်းကလည်း ငယ်ငယ်ရယ်ပါ။
"နောက်ခါ သူ့ကားနဲ့ လိုက်လိုက်မသွားနဲ့...နားလည်လား!"
"ဟုတ် ဟုတ်"
သူ့ရှေ့၌ မငိုမိအောင် ထိန်းရင်း မျက်တောင်ရှည်တွေကို ပုတ်ခတ်ပုတ်ခတ် လုပ်နေတော့လည်း ဇေရှိန်ဟန် ဂရုဏာ သက်ရ၏။
![](https://img.wattpad.com/cover/291302378-288-k987404.jpg)