PART [ 118 ]

8.4K 1K 80
                                    

"ဒေါက် ဒေါက်"

စာမေးပွဲ တစ်ဘာသာ ဖြေလာပြီး
လျှံသောတ နေ့ခင်းဘက် တရေးတမော အိပ်နေစဥ်တွင် တံခါးခေါက်သံကြောင့် နိုးသွားရသည်။

"လျှံသော"

အပြင်က သျှားရင့်ရဲ့ခေါ်သံကို ကြားတော့ သူ အိပ်ရာပေါ်မှဆင်းပြီး အခန်းတံခါး သွားဖွင့်လိုက်၏။

"ကိုသူရ ရောက်နေတယ်"

"ဟင်"

လျှံသောတ အပေါ်ထပ်ကနေ လှမ်းကြည့်လိုက်တော့ မာန်ပိုင်က ဧည့်ခန်းတွင် ထိုင်စောင့်နေတာ ဖြစ်သည်။

"မာန်ပိုင်"

သျှားရင့် ဧည့်ခံထားပုံရသော လက်ဖက်ရည်ခွက်ကို ဇွန်းဖြင့်မွှေနေရာမှ မော့ကြည့်လာသည့် သူရမာန်ပိုင်က သူ့ကိုမြင်တော့ ပြုံးပြ၏။

"အိပ်ရေးပျက်သွားလား"

လျှံသောတ ခေါင်းရမ်းပြလိုက်ပြီး လှေကားကနေ အောက်ထပ်သို့ ခပ်သွက်သွက် ဆင်းသွားလိုက်သည်။

"လမ်းကြုံလို့ ဝင်လာတာလား"

"ကိုယ် မင်းဆီကို တမင်လာတာပါ"

"အပြင် ထွက် Dateရအောင်"

"အင်း"

"ခဏစောင့်ဦး...ကျွန်တော် အဝတ်လဲဦးမယ်"

"အေးဆေးလုပ်"

လျှံသောတ အိမ်ပေါ်ကို ပြန်တက်ခဲ့ပြီး အိမ်နေရင်း ဝတ်ထားသည့် T-Shirt ပေါ်ကနေ Striped Sweater တစ်ထည် ထပ်ဝတ်လိုက်ပြီး ချည်သားဘောင်းဘီကိုတော့ Straight Jean Pantနှင့်လဲဝတ်လိုက်၏။

ထို့နောက် ပွယောင်းနေသည့် ဆံပင်တွေကို ကြည့်ကောင်းအောင်ဖြီးလိုက်ပြီး အားပြည့်နေပြီ ဖြစ်သော ဖုန်းကိုတော့ ဂျင်းဘောင်းဘီအိတ်ကပ်ထဲ ထည့်လိုက်သည်။

သူ အောက်ထပ်ကို ပြန်ဆင်းသွားတော့ သျှားရင့်က မာန်ပိုင်နှင့် စကားပြောပေးနေတာကို တွေ့ရသည်။

"ကျွန်တော်တို့က မနက်ပိုင်း ဖြေရတာလေ...John တို့ သုံးယောက်က နေ့လယ်ပိုင်း"

"ဪ"

"သျှား ငါအပြင်သွားလိုက်ဦးမယ်"

"Okay"

Lovey DoveyWhere stories live. Discover now