PART [ 9 ]

13.2K 1.6K 199
                                    

"သားတို့ သမီးတို့ များများ စားကြနော်...ဒီနေ့က အန်တီ့မွေးနေ့မို့ ကုသိုလ်လုပ်တာ"

အမေက ဆိုင်လာနေကျ ကလေးတွေကို ကြက်ပေါင်းခေါက်ဆွဲ ၊ Green tea နှင့် မြန်မာမုန့် အချိုပွဲများဖြင့် ဧည့်ခံသည်။ အဆောင်က ကလေးတွေကတော့ မနက်အစောကြီးကတည်းက ခွန်ဦးတို့နှင့်အတူ စားပြီးကြပြီ။ ဆိုင်မှာ လွမ်း နှင့် သုတ တို့နှစ်ယောက် လာလုပ်ကူနေတာတောင် ခွန်ဦး လက်မလည်ပဲ ရှိနေ၏။

မနက် ၈ နာရီကျော်သည့်အခါမှ လူပါးသွားပေမဲ့ ခွန်ဦး မနားနိုင်သေးသလို အမေကလည်း ဆိုင်ရှေ့ထွက်ကြည့်နေတာ ခဏခဏပင်။

"Isaac တို့လည်း မလာသေးဘူး...သွားခေါ်လိုက်ပါလား သားရယ်"

"လာကြပါလိမ့်မယ် အမေရဲ့"

"အဲ့ဒီ့ကလေးတွေ မေ့နေလား မသိ"

"ဘုန်းကြီးကျောင်း သွားဖို့ ပြင်ထားလို့ရပြီ အမေ...ဆိုင်မှာ ကျွန်တော် ရှိနေလိုက်မယ်"

"အေးအေး"

"သုတတို့လည်း  အဆင်သင့်သွားပြင်တော့လေ"

"ကျွန်တော်တို့က အဝတ်လဲရုံပါပဲ...အစ်ကိုခွန်ဦး ဆိုင်သိမ်းတဲ့အထိ ကူပေးမယ်"

"ကျေးဇူးအများကြီး တင်ပါတယ်...အဲ့ဒါဆို နာရီဝက်လောက် စောင့်ဦးမယ်"

ခွန်ဦး ကြက်ပေါင်း ဟင်းရည်အိုးကို မီးလျှော့ကာ လွမ်းတို့ ဆေးပြီး ရေစင်အောင်သုတ်ထားပေးသော ပန်းကန်တွေကို စင်ပေါ်တွင် သပ်သပ်ရပ်ရပ် ပြန်မှောက်နေတုန်း
ဆိုင်ရှေ့က လူရိပ်မြင်တော့ မီးဖိုဆောင်ထဲမှနေ ထွက်ကြည့်လိုက်၏။ အမေမျှော်နေသည့် လူတွေ လာကြပါပြီ။ ပုံမှန်ဆို ခွန်ဦးကို မြင်တာနဲ့ မင်္ဂလာနံနက်ခင်းဟု နှုတ်ဆက်တတ်သော Isaac က ဒီနေ့တော့ ခပ်တည်တည်။

"အန်တီရော"

"အိမ်ထဲမှာ"

ခွန်ဦး အိမ်ဧည့်ခန်းထဲ မေးငေါ့ပြလိုက်တော့ John တို့ တစ်အုပ်စုလုံး ဆိုင်ရဲ့ နောက်ဖေးပေါက်ကနေ ထွက်ကာ အိမ်ထဲသို့  ဝင်သွားကြသည်။

"Happy Birthday အန်တီနန်း"

"ဟယ် လက်ဆောင်တွေ မယူလာပါနဲ့ဆိုတာကို"

Lovey DoveyWhere stories live. Discover now