PART [ 13 ]

11.9K 1.5K 103
                                    

"တံခါး ပိတ်ပြီးပြီလား သားခွန်"

"ကလေး တစ်ယောက်ကျန်နေသေးလို့ အမေ"

ပုံမှန်ဆို ည ၇ နာရီ်ထိုးတာနဲ့ အဆောင်တံခါး ပိတ်လေ့ရှိသည်။ သချင်္ာ တတိယနှစ်က ကျောင်းသားတစ်ယောက် အဆောင်ပြန်မလာသေး၍ ည ရှစ်နာရီ ထိုးသည့်တိုင် ခွန်ဦး ခြံတံခါး မပိတ်ရသေး။ ရှစ်ခွဲလို့မှ ထိုကောင်လေး ပြန်မလာသေးလျှင်အကျိုးအကြောင်း ဖုန်းဆက်ရမည်။

အမေ ဘုရားဝတ်ပြုချိန်မို့ သူ ဘုရား ဆီမီးပူဇော်ပေးခဲ့ပြီး ကိုယ့်အခန်းထဲ ကိုယ် ဝင်လာလိုက်သည်။ မနက်ဖြန် Tutorial ရှိသဖြင့် သချင်္ာပုစ္ဆာတချို့ကို ပြန်တွက်နေစဥ္ ခြံတံခါး ဖွင့်သံကြားရတော့ ခွန်ဦး နံရံတွင် ချိတ်ထားသည့်သော့တွဲကို ယူပြီး အိမ်အောက်သို့ ထပ်ဆင်းရပြန်သည်။

"ကျွန်တော် နောက်ကျသွားလို့ Sorry အစ်ကို"

"ကိုးနာရီတောင် ထိုးတော့မယ်...အဆောင်မှာနေရင် အဆောင်စည်းကမ်း လိုက်နာရမယ် ဆိုတာ သိတယ် မဟုတ်လား စည်သူ"

"ဟုတ်ကဲ့...နောက်တစ်ခါ မဖြစ်စေရပါဘူးဗျ"

"ဝင်တော့"

စည်သူက မျက်နှာ သိပ်မကောင်းတာမို့ ခွန်ဦး ဘာမျှ ထပ်မပြောတော့ပေ။ အမေက သူ့အဆောင်သားတွေကို ငဲ့ညှာလွန်းပေမဲ့ ခွန်ဦးကတော့ စည်းနဲ့ကမ်းနဲ့ နေမှ အဆောင်သားအဖြစ် လက်ခံ၏။ ယောက်ျားလေးဆောင်က မိန်းကလေးဆောင်ထက်ပင် ထိန်းရခက်သည် မဟုတ်လား။ တစ်ခုကောင်းတာက သူတို့အဆောင်က ကလေးတွေက စာကြိုးစားကာ လိမ္မာယဥ္ကျေးတဲ့ကျောင်းသား များသည်။ စည်သူလည်း အဲ့ဒီကျောင်းသားတွေထဲမှာ ပါပါ၏။ ခုလို အပြန်နောက်ကျဖူးတာလည်း ပထမဆုံးအကြိမ် ဖြစ်သည်။

ခွန်ဦး ည၁၀နာရီထိ စာကြည့်ပြီး ကိုယ်လက်သန့်စင်ဖို့ ရေချိုးခန်းဝင်သည်။ ထို့နောက် ညစဥ္ သူလုပ်နေကျအတိုင်း အိပ်ရာမဝင်ခင် ဝရန်တာသို့ ထွက်ကာ လေကောင်းလေသန့်ရှူ၏။ လထိန်ထိန်သာနေသော ကောင်းကင်ကို မော့ကြည့်တော့ သူ့စိတ်အစဥ္ အေးချမ်းသွားရသည်။ ဝရန်တာတွင် သူပျိုးထားသော ပန်းပင်လေးတွေလည်း လရောင်အောက်မှာ လန်းလန်းဆန်းဆန်း။ ဝရန်တာဘောင်ပေါ်ရှိ အဖြူရောင် ဇီဇဝါတွေက မွေးပျံ့နေကာ ဝရန်တာ ထောင့်ရှိ ပန်းအိုးထဲတွင် အဆုပ်လိုက်ပွင့်သည့် Hydragea တွေလည်း အပြာရောင် သို့ ပြောင်းနေချေပြီ။

Lovey DoveyWhere stories live. Discover now