PART [ 15 ]

12.6K 1.4K 65
                                    

"သျှားရင့် မွေးနေ့ ရောက်တော့မယ်နော်"

"ဟုတ်သားပဲ"

"December 29 လေ"

"မင်းမွေးနေ့ကို ငါ့အိမ်မှာ လုပ်ရအောင် သျှားရင့်"

"Ok လေ"

တစ်ခုနှစ်တည်း မွေးသော သျှားရင့်တို့ သူငယ်ချင်းငါးယောက်ထဲတွင် လအလိုက် တွက်လျှင် သျှားရင့်က အငယ်ဆုံးဖြစ်သည်။ မနှစ်တုန်းကတော့ သူတို့ ငါးယောက် အတူနေသည့် အိမ်မှာပဲ မွေးနေ့လုပ်ပြီး သူ့ သူငယ်ချင်းတွေက မီးဖိုချောင်သုံး ဟင်းချက် ကိရိယာ အစုံအလင်ကို မွေးနေ့လက်ဆောင်အဖြစ်ပေးသည်။ သူငယ်ချင်းတွေနဲ့အတူဖြတ်သန်းခဲ့ရသော မွေးနေ့တိုင်းက ပျော်ရွှင်ဖို့ ကောင်းခဲ့ပါ၏။

သျှားရင့် ဆယ်နှစ်သားအရွယ်တွင် အဖေနှင့်အမေ ကွာရှင်းပြတ်စဲခဲ့ကြသည်။ အမေက သူ့ကို အုပ်ထိန်းခွင့်ရခဲ့ပေမဲ့ သူ့မွေးနေ့တွေ ဆိုရင်တော့ အဖေနှင့် မျက်နှာချင်း ပြန်ဆိုင်ရလေ့ရှိ၏။ အချစ်တွေကုန်ဆုံးပြီး ဘယ်တော့မှ ပြန် အဆင်မပြေနိုင်တော့တဲ့ လူနှစ်ဦးရဲ့မျိုးဆက်အနေနဲ့ သျှားရင့် မိဘတွေကြားမှာ အနေခက်ရသလို အမေတို့လည်း စိတ်ပင်ပန်းကြမှာကို နားလည်သဖြင့် သူ အထက်တန်းပြီးသည်ထိ မွေးနေ့ ထပ် မလုပ်တော့ပေ။

တက္ကသိုလ်မှာ ခင်တဲ့ သောတတို့နှင့်အတူ အိမ်ပြောင်းနေတော့မှ သူငယ်ချင်းတွေကပဲ သူ့မွေးနေ့ကို မှတ်မှတ်ရရ နှစ်စဥ္ လုပ်ပေးသည်။ အဖေ့ဆီကနေ လက်ဆောင်တွေ ရောက်ရောက်လာတတ်သော်လည်း သူ လက်မခံဖြစ်ခဲ့။ သူ လိုချင်တာ တန်ဖိုးကြီး လက်ဆောင်တွေလည်း မဟုတ်ခဲ့ပါ။ သူ အလယ်တန်းအရွယ်တွင် အဖေနောက်အိမ်ထောင် ထပ်ပြုလိုက်ပြီးနောက်မှာ သူ အဖေ့ဆီကနေ ဘာကိုမှ ထပ်မမျှော်လင့်တော့ခြင်းသာ။

"ကျောင်းထဲမှာလည်း ချယ်ရီတွေ စပွင့်နေပြီ သျှားရင့်"

Law ဌာနဘက်သို့ သွားနေတုန်း သောတနှင့်သူ Law စာသင်ဆောင်အဟောင်းနှင့် Zoology ဌာန အနီးရှိ ချယ်ရီပင်ကြီးကို မော့ကြည့်မိသည်။ မနှစ်ကနှင့်စာရင် ဒီနှစ် ချယ်ရီပွင့်တာ စောသလိုပင်။ သူတို့တက္ကသိုလ်မှာ အလှဆုံးအချိန်က ဆောင်းရာသီ ချယ်ရီပွင့်ချိန်နှင့်နွေဦးကာလတွင် စိန်ပန်းပြာတွေ ပွင့်သည့်အချိန်ဟု သျှားရင့် မြင်သည်။ သူ ယခုမှ ပွင့်စ ချယ်ရီပင်ကို ဖုန်းဖြင့် ဓာတ်ပုံရိုက်ယူခဲ့လိုက်၏။

Lovey DoveyWhere stories live. Discover now