PART [ 119 ]

8.3K 1K 116
                                    

သျှားရင့် မနက်ဖြန် ဖြေမည့် ဘာသာကို Revision ပြန်နေစဥ်တွင် အားသွင်းထားသည့် ဖုန်းက ထမြည်လာ၏။

"Hello"

"Jasmine ပါ ကိုကိုသျှား"

"ဪ Jas...ပြောလေ"

"ဒီနေ့ Jasmine မွေးနေ့လေ...ကိုကို့ကိုလှမ်းဖိတ်တာ...ကိုကိုအားရင် လာခဲ့ပါလားဟင်"

"လာခဲ့မယ်လေနော်"

"yayyy"

Jasmine က ကလေးပီပီ ပျော်ရွှင်စွာအော်ဟစ်ရင်း ဖုန်းချသွားတော့ သျှားရင့် ပြုံးလိုက်မိသည်။

အချိန်က ညနေ သုံးနာရီခွဲနေပြီဖြစ်၍ သူ စာကြည့်စားပွဲကနေထလာပြီး အဝတ်လဲခန်းထဲ ဝင်ခဲ့၏။

သူ အပြင်မထွက်ခင် Group Chat ထဲတွင် စာပို့ရသေးသည်။

သူ အပြန်နောက်ကျနိုင်တာမို့ သူ့ သူငယ်ချင်းတွေကို ညစာ စားနှင့်ကြရန် မှာခဲ့ပြီး သူ့ကားနှစ်စီး ရှိသည့်အနက် အမေဝယ်ပေးထားသော Audi ကားလေးကိုပဲ ထုတ်စီးခဲ့လိုက်၏။

မြို့ထဲတွင် Jasmine အတွက် မွေးနေ့လက်ဆောင် ဝင်ဝယ်ပြီး
သူ အဖေ့အိမ်ကို ရောက်တော့ ခြံထဲမှာ ကလေးတွေအများကြီးရောက်နေကြပြီဖြစ်သည်။

"ကိုကိုသျှား!"

အဖြူရောင် ဂါဝန်ဝဲဝဲလေးနဲ့Jasmine က သူ့ဆီကို ပြေးလာတော့ သျှားရင့် တစ်ဘက်က လက်ဆောင်အိတ်ကို ကိုင်ထားရင်း ကျန်လက်တစ်ဘက်ဖြင့် Jasmine ကို သာသာလေး ပွေ့ဖက်လိုက်ပါ၏။

"Happy Birthday Jas"

"Thank you so much"

သူပေးသည့် လက်ဆောင်ကို ဝမ်းသာအားရ လက်ခံယူသည့် Jasmine က ခေါင်းမှာ သရဖူလေးပန်ထားတော့ Disney မင်းသမီးလေးနဲ့တောင် တူနေသည်။

"လက်ဆောင်က ဘာလဲဟင်"

"Elsa Dress"

"So pretty! I love it!"

"Jas က Elsa ကို အကြိုက်ဆုံး ဆိုလို့လေ"

"ကျေးဇူးအများကြီးတင်ပါတယ်"

သူ Jasmineရဲ့ခေါင်းပေါ်က သရဖူလေးကို ပြန်တည့်မတ်ပေးနေစဥ်မှာ အဖေက အိမ်ထဲကနေ ထွက်လာပြီး သူ့အား ပွေ့ဖက်ကြို၏။

"အထဲဝင်ဦးလေ သား"

"အင်း"

အဖေက သူ့ကို ပခုံးဖက်ကာ အိမ်ထဲကို ဝင်သွားတော့ Jasmineရဲ့အမေ အန်တီ
Amy က သူ့ကို အသိအမှတ်ပြုသလို ပြုံးပြပေမယ့် သျှားရင့်ကတော့ မ​မြင်သလိုပဲ နေလိုက်သည်။

Lovey DoveyWhere stories live. Discover now