PART [ 126 ]

7.8K 1K 148
                                    

ဒီ​နေ့ အရုဏ်ဦးက အနက်ရောင် Shirt လက်ရှည်နှင့်Beige Color ဘောင်းဘီရှည်ကို တွဲဖက်ဝတ်ဆင်ထားသည်။

သျှားရင့် သတိထားမိတာက အရုဏ်ဦးရဲ့ဟေဇယ်ရောင်မျက်ဝန်းတွေက အာရုဏ်ဦး ဝတ်ဆင်သည့် အဝတ်အစားရဲ့အရောင်ကို လိုက်ပြီး အရောင် အဖျော့၊ အရင့်ကွာတတ်သည်ကိုပင်။

သူတို့ တက္ကသိုလ်ထဲမှာဆုံတုန်းက အရုဏ်ဦးရဲ့မျက်ဝန်းတွေ အရောင်ဖျော့ပေမယ့် ဒီတစ်ခေါက်တွေ့တော့ ဟေဇယ်ရောင်မျက်ဝန်းတွေက အရောင်နည်းနည်းရင့်ချင်၏။

သျှားရင့်ဘဝမှာ အရောင်လှသည့်မျက်ဝန်းပိုင်ရှင် တော်တော်များများကို မြင်ဖူးပါ၏။ သူ့သူငယ်ချင်း Isaacရဲ့သမုဒ္ဒရာရောင် မျက်ဝန်းဆိုလည်း သိပ်လှသလို Johnရဲ့ပယင်းရောင် မျက်ဝန်းတွေဆိုရင် အလင်းရောင်ပေါ်မူတည်ပြီး ရံဖန်ရံခါ အညိုရောင် သို့မဟုတ် ရွှေရောင်ပြောင်းသွားတတ်သည်။

ယျေဘုယအားဖြင့် ဟေဇယ်ရောင်ဆိုတာ အညို၊အစိမ်းနှင့်ရွှေရောင်တို့ကို ပေါင်းစပ်ထားခြင်းမျိုးဖြစ်ပြီး တစ်ခါတလေ အရုဏ်ဦးရဲ့မျက်ဝန်းတွေထဲမှာ အပြာရောင်နှင့်ပယင်းရောင် ပေါ်လာတတ်ချိန်တွေလည်း ရှိသည်။

"မင်းရဲ့မျက်ဝန်းတွေ သိပ်လှတာပဲ အရုဏ်ဦး"

သျှားရင့် နှုတ်ကနေ သတိလက်လွတ် ထုတ်ပြောမိလောက်အောင်ကို အရုဏ်ဦးရဲ့မျက်ဝန်းတွေက သူ့အပေါ် လွှမ်းမိုးမှုအားကောင်းနေခဲ့သည်ပင်။

အရုဏ်ဦးကတော့ ထိုမှတ်ချက်မျိုးကို မကြာခဏ ကြားဖူးနေကျလူလို တည်ငြိမ်သည့် အပြုံးလေးတစ်ခုဖြင့် တုံ့ပြန်ကာ

"ကျေးဇူးတင်ပါတယ်" ဟု ဆိုလာသည်။

"ကိုယ့်အစ်မကပြောတယ်...မင်းက စာလည်းသိပ်တော်တယ်တဲ့"

သည်မှတ်ချက်ကိုတော့ အရုဏ်ဦးက အပြည့်အဝ လက်ခံပုံမရဘဲ ခေါင်းအသာရမ်းပါ၏။

"ကြိုးစားလို့ပါ...ကျွန်တော်က သူများထက် နှစ်ဆလောက် ကြိုးစားမှ ဖြစ်မယ့်သူမို့"

ဘွားယိမ်းလို အမျိုးသမီးရဲ့မွေးစားမြေးတစ်ယောက်အနေနဲ့ အရုဏ်ဦးဆိုလိုချင်တာကို သျှားရင့် ကောင်းစွာနားလည်သဘောပေါက်သည်။

Lovey DoveyWhere stories live. Discover now