Ch-1.1

10.9K 547 4
                                    

အခန်း ၁.၁

ရှောင်းယိုနဥ်က မြေပြင်ပေါ်တွင် အမြစ်တွယ်နေသလို မတ်တပ်ရပ်နေပြီး သူမလက်ထဲတွင် ကွာရှင်းစာတစ်စောင်ကို ကိုင်ထားသည်။

သူမ၏အနောက်ဘက်တွင် လက်ရာမြောက်သော Qiangong အိပ်ယာ*၁ တစ် ခုရှိနေပြီး ထိုအပေါ်တွင် မန်ဒရင်းဘဲများ*၂ နှင့် ပန်းထိုးချုပ်လုပ်ထားသော ကြက်သွေးရောင် စောင်တစ်ထည်ကို ဖုံးအုပ်ထားသည်။ မကြာသေးမီက ဖြန့်ခင်းထားသော မြေပဲနှင့် အနီရောင်ဇီးသီးခြောက်များ*၃ က ကုတင်၏ ခေါင်မိုးပေါ်၌ ကျက်သရေရှိစွာ ပြန့်ကျဲနေသည်။

ပွဲတော်၏အမှတ်အသားဖြစ်သည့် နွေးထွေးသော အနီရောင်ပတ်ဝန်းကျင်က သူမကို ဝိုင်းရံထားသော်လည်း ဤအခိုက်အတန့်တွင် သူမက ရေခဲတွင်းထဲသို့ ကျသွားသလို ခံစားနေရသည်။ အအေးဓာတ်က သူမ၏ အရိုးအက်ကြောင်းများထဲအထိ နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်သွားပြီး သူမ၏ သွားများပင် တဆတ်ဆတ် တုန်ခါသွားလောက်အောင် အေးစက်နေခဲ့သည်။

"ရှင်တို့ လီမိသားစုက ကျွန်မကို ကွာရှင်းဖို့ တောင်းဆိုနေတာလား?"

ရှောင်းယိုနဥ်က သူမလက်ထဲတွင် ပေါ့ပေါ့ဆဆ ရေးထားသော ကွာရှင်းစာတစ်စောင်ကို ကိုင်ထားရင်း သူ့၏မင်္ဂလာဆောင်အဝတ်အစားများကို ပြောင်းလဲပြီးနေပြီဖြစ်သော လီချင်ကျစ်နှင့် ထိပ်တိုက် ရင်ဆိုင်ခဲ့သည်။ ထိုအခိုက်အတန့်တွင် များပြားလှသော ခံစားချက်များက သူမ၏နှလုံးသားကို ဖြတ်ကျော်ဝင်ရောက်လာခဲ့ပြီး ၎င်းတို့ထဲမှ ခါးသီးဖွယ်ကောင်းသည့် စိတ်ပျက်မှုများက ဒေါသအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားကြသည်။

ရှောင်းယိုနဥ်က ဒေါသတကြီး အော်ဟစ်ရန် သူမ၏ပါးစပ်ကို ဖွင့်လိုက်သော်လည်း သူမ ကြားနေရသည်က သူမ၏ အေးစက်သော အသံသာ ဖြစ်နေခဲ့သည်။

သူမ ပြောသည်ကို နားထောင်နေသော လီချင်ကျစ်၏မျက်လုံးများက တောက်ပလာပြီး သူမကို တစ်ချက်ကြည့်လိုက်သော်လည်း သူက သူမ မျက်နှာကို ထပ်မကြည့်ရဲတော့ပေ။ သူက သူ့ခေါင်းကို လှည့်လိုက်ပြီး တောက်လောင်နေသော နဂါးနှင့် ဖီးနစ်ဖယောင်းတိုင်များကို*၄ သာ စိုက်ကြည့်နေသည်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now