အခန်း ၂၂ အပိုင်း ၂
တရားသူကြီးက ရှောင်းယိုနဥ်ကို တစ်ဖန် သဘောကျသွားပြန်သည်။ မိန်းခလေးက အံ့သြစရာကောင်းပြီး ဒီလိုကိစ္စကို ချက်ခြင်းဆိုသလို ဖြေရှင်းလိုက်နိုင်သည်။
လီမိသားစုက နာမည်ကောင်းတစ်ခုကို လိုချင်ခဲ့သော်လည်း ရှောင်းမိသားစုနှင့် သူတို့ကြားရှိ ဆက်ဆံရေးကို ငွေဖြင့် ပြုပြင်၍မရပေ။ ရှောင်းမိသားစု ရဲ့ သခင်မလေး က သူတို့ကို ခွင့်မလွှတ်ခဲ့တာ ထင်ရှားပေမယ့် လီမိသားစုကို နေရာမပေးဖို့ အလွန်အမင်းဖြစ်တဲ့ အခက်အခဲတစ်ခုကို ဖန်တီးခဲ့သည်။
နောက်ဆုံးတွင်၊ သူတို့အားလုံးက မြို့တော်တွင် နေထိုင်ကြပြီး သူတို့က လမ်းများပေါ်တွင် ပြန်တွေ့ဆုံရဦးမည်ပင်။
တခါတရံ ခြေတစ်လှမ်း ဆုတ်လိုက်ခြင်းက တစ်ကမ္ဘာလုံးကို ဆိုလိုသည်။
သခင်ကြီးလီ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ လက်ခံနိုင်လောက်တဲ့ စကားလုံးတချို့က သူ့လည်ချောင်းထဲမှာ နစ်မြုပ်သွားပြီး သူ စကားဆက်မပြောနိုင်ခဲ့ဘူး။ ဒီလို ကုသိုလ်ကောင်းမှုလုပ်ဖို့ အတင်းအကြပ် တွန်းအားပေးခံရတာ ရှက်စရာကောင်းတယ်။
ထို့အပြင် နောက်ထပ်ဘာတွေဖြစ်လာမည်ကို ဘယ်သူမှ မသိနိုင်ပေ။
ရှောင်းယိုနဥ်က ငွေသေတ္တာကို ချက်ချင်း လက်ညှိုးထိုးပြပြီး "လူကြီးမင်း၊ ကျွန်မ ငွေတွေကို ထုတ်ယူပြီးရင် သေတ္တာကို ရမန်မှာ အသုံးပြုဖို့ ပေးမယ်။ လူကြီးမင်းရဲ့မအားလပ်တဲ့ အချိန်ဇယားအတွင်းကနေ ဒီအလုပ်ကို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
တရားသူကြီးက မိန်းခလေးက ချစ်ဖို့ကောင်းလွန်းတယ်လို့ ထင်နေသည်။
ဤ ငွေသေတ္တာနှင့် ကျေးဇူးတုန့်ပြန်ခြင်းသည် သူ့အတွက် ပို၍အသုံးဝင်သည်။ နောင်တွင် ဆင်းရဲသားများအား ပေးကမ်းခြင်းအတွက် လူအများရှေ့တွင် နာမည်ကောင်းကို ရရှိမည့်သူမှာလဲ သူပင်ဖြစ်သည်။
တရားသူကြီး၏ အပြုံးသည် နက်ရှိုင်းလာသည်။ သူက ခေါင်းညိတ်ပြီး "ဒီပစ္စည်းတွေကို မင်းဆီ ပြန်ပို့ရမလား၊ ဒါမှမဟုတ် တစ်ယောက်ယောက် လာယူတာကို စောင့်ပေးရတာလား"

YOU ARE READING
ဒုတိယအကြိမ်...လက်ထပ်ခြင်း
Historical FictionMyanmar Translation of China Web-Novel "Second Marriage" English Title : Second Marriage Original Authors : 喵蓝 English Translators : https://www.novelupdates.com/group/wordrain/ Episode : 66...