Ch-2.3

5.5K 466 1
                                    

အခန်း ၂.၃

ယဲ့မိသားစုက ကြီးမားသော အခွင့်အာဏာရှိပြီး မြင့်မြတ်သော အနေအထားတွင် ရှိနေသည်။ လီသခင်ကြီး၏ ဒေါသတကြီး ရှုတ်ချလိုသော ဆန္ဒက ဤမိသားစုအမည်ဖြင့် လုံးလုံးလျားလျား ချုပ်နှောင်ခံလိုက်ရသည်။ ဤမိသားစု၏အမည်မှာ သူ့လည်ပင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည့် စပျစ်နွယ်ပင်နှင့်တူပြီး အသက်ရှုမဝလောက်အောင် လည်ပင်းညှစ်ထားသလို ခံစားရစေသည်။

အောက်ဘက်ရှိ ရှောင်းယိုနဥ်က လီမိသားစု၏ အကြင်လင်မယားစုံတွဲကို အေးစက်စွာ ကြည့်နေသည်။ သူတို့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ဆက်ဆံပုံက သူမနဲ့ မသက်ဆိုင်ပါဘူး။ သူမက လီမိသားစုက သူမအပေါ် အကြွေးတင်ထားတဲ့ တရားမျှတမှုကိုပဲ လိုချင်တာပါ။

သူမ အသံကို မြှင့်လိုက်ပြီး ထပ်ပြန်လိုက်သည်။ "မီးက အကြီးကြီး လောင်သွားတာလား? သခင်မလီ၊ သခင်မက ဘာကြောင့် မီးစလောင်တာလဲဆိုတာကို လူတိုင်းကို ပြောရဲလား? အခန်းတွေ အားလုံးထဲမှာ ဘာလို့ ကျွန်မရဲ့ အခန်းကပဲ မီးစလောင်ရတာလဲ!"

သူမက မီးလောင်မှုကို မည်သူက စတင်ခဲ့သည်ကိုမူ ပြောဆိုခြင်း မရှိပေ။ မှန်သည် မှားသည်ကို လူအများ၏ စိတ်ကူးစိတ်သန်းအတွက် အချို့နေရာများကို ချန်လှပ်ထားခဲ့သည်။

"ဒီချွန်ထက်တဲ့ ပါးစပ်ကို ကြည့်လိုက်စမ်း!" လီသခင်မက သူမ၏ လိမ္မာပါးနပ်မှုကြောင့် ပြိုလဲလုနီးပါး စိတ်ဆိုးနေခဲ့သည်။

"လမ်းဖယ်ပေး၊ အရင် လမ်းဖယ်ပေးကြ"

နှစ်ဖက်စလုံး ထိပ်တိုက်ရင်ဆိုင်ရမည့် အနေအထားသို့ ရောက်နေကြချိန်တွင် ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသော အစောင့်များက လူစုလူဝေးကို တွန်းဖယ်ကာ လမ်းကြောင်းတစ်ခု ဖန်တီးလိုက်ပြီး လူစုကွဲသွားစေခဲ့သည်။ လူအုပ်နောက်မှ မထင်မှတ်ထားသော အပြာရောင် ဝေါယာဥ်ကို ရှေ့သို့ သယ်ဆောင်လာခဲ့သည်။

ရှောင်းယိုနဥ်က ထိုလူများ၏လှုပ်ရှားမှုများကို လိုက်ကြည့်နေရင်း သူမ၏အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now