အခန်း ၆၄ အပိုင်း ၂
ထူးထူးခြားခြား အော်ဟစ်သံနှင့်အတူ ထွက်ပေါ်လာသော သခင်ကြီးယဲ့၏ တိုက်ခိုက်မှု့ကို သခင်မကြီးယဲ့က လျင်မြန်စွာ ရှောင်တိမ်းသွားပြန်သည်။ သူ အရှိန်လွန်ပြီး ပစ်လဲသွားခဲ့သည်။
အခု သူက အသက်ကြီးနေပြီလေ။ လူတစ်ယောက်က တစ်ချိန်တုန်းက ဘယ်လောက်ပဲ အစွမ်းထက်ခဲ့ပါစေ အရာအားလုံးက အချိန်နဲ့အမျှ ပြောင်းလဲပြီး ပျောက်ကွယ်သွားခဲ့ပြီ။
သူက ယဲ့မိသားစု၏ အဓိကဦးသျှောင်သခင်ကြီး ဖြစ်ခဲ့ပေမယ့် သခင်မကြီးယဲ့အတွက်တော့ တန်ဖိုးမရှိသော အိမ်ထောင်ဦးစီးမှတပါး ဘာမှ မဟုတ်ခဲ့ပေ။
သခင်ကြီးယဲ့က မှောက်ရက်သား လဲကျသွားခဲ့ပြီး သူ့မေးစေ့က မြေပြင်နဲ့ ပြင်းပြင်းထန်ထန် ထိတွေ့သွားသည်။ သွားနှစ်ချောင်းက ချက်ချင်း ကျွတ်ထွက်သွားသည်။ သူ အော်ဟစ်နေကာ ပါးစပ်တစ်ခုလုံး သွေးများပြည့်နေသည်။
သခင်မကြီးယဲ့က သူ့နောက်ကျောပေါ်ကို ခြေချလိုက်ရင်း သူ့၏နာကျင်စွာအော်ဟစ်သံကို နားထောင်နေသည်။ သူမရဲ့ မျက်လုံးတွေက ကျဉ်းမြောင်းလာပြီး သူမက "ရှင့်ရဲ့ ကံဇာတာရှာဖွေမှု့မှာ ကျွန်မက အသုံးချခံဖြစ်ခဲ့ရပြီး အလှလေးဆိုတဲ့ ဂုဏ်သတင်းကို ယူခဲ့ရတယ်၊ ပြီးတော့ ကျွန်မက အကြီးဆုံးမင်းသမီးရဲ့ခင်ပွန်းကို မရည်ရွယ်ဘဲ တွေ့ခဲ့ရတယ်၊ ဒါပေမယ့် သူက အမျိုးကောင်းသားတွေရဲ့ အမူအကျင့်ရှိနေတော့ ကျွန်မကို လွှတ်ပေးခဲ့တယ်၊ ဒါပေမယ့် အဲ့အတွက်ကြောင့်နဲ့ အကြီးဆုံးမင်းသမီးရဲ့ သံသယစိတ်တွေနဲ့ အာဃာတတွေကို ကျွန်မ ခေါင်းငုံ့ခံခဲ့ရတယ်"
"ရှင့်ကို အလုပ်မှာ ကြီးလေးတဲ့ပြစ်မှုတစ်ခုလုပ်မိစေပြီး ရှင့်မိသားစုကို နှိမ့်ချလုနီးပါးဖြစ်စေခဲ့တာ ဘယ်သူလို့ ရှင်ထင်လဲ၊ ကျွန်မ မိသားစု ပြိုလဲကျသွားတာ ဘယ်သူကြောင့်လို့ ရှင် ထင်လဲ၊ အဲ့ဒါတွေအားလုံးကို အကြီးဆုံးမင်းသမီးက ဂရုတစိုက် စီစဉ်ထားခဲ့တာ၊ နောက်ဆုံးမှာ မင်းသားလွေ့သာ အမှန်တရားကို ရှာမတွေ့ခဲ့ရင် လုလူကြီးမင်းရဲ့ တပ်မက်မှုနဲ့ လောဘတွေကို ကျွန်မ သိနိုင်မှာ မဟုတ်ဘူး၊ ယဲ့ရွှယ်ရှန်း... အဲဒါတွေအားလုံးက ရှင့်ကြောင့်ပဲ"

YOU ARE READING
ဒုတိယအကြိမ်...လက်ထပ်ခြင်း
Historical FictionMyanmar Translation of China Web-Novel "Second Marriage" English Title : Second Marriage Original Authors : 喵蓝 English Translators : https://www.novelupdates.com/group/wordrain/ Episode : 66...