Ch -63.1

2K 177 1
                                    

အခန်း ၆၃ အပိုင်း ၁

ထိုလူငယ်က ရှောင်းယိုနဥ်၏ စူးစမ်းလိုစိတ်ကို နှိုးဆွပေးနိုင်ခဲ့သည်။ နေ့ခင်းဘက် ဇာတ်ပွဲကြည့်တုန်းက သူမယောက္ခမရဲ့ မိသားစုမှာ အဖွဲ့ဝင်တွေ ပိုများနေတာကို သတိထားလိုက်မိသည်။

အဲဒါကို တွေးပြီး တကယ်စဉ်းစားပြီးတဲ့ နောက်မှာ အမှတ်ရစရာတစ်ခု ပေါ်လာသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက သူမ ကြားခဲ့သော ကောလဟာလတစ်ခုဖြစ်သည်။ ယဲ့သခင်မကြီးရဲ့ မိသားစုမှာ ဟိုးအရင်ကတည်းက ဆွေမျိုးဖြတ်တောက်ခံခဲ့ရတဲ့ အသုံးမကျတဲ့ အကိုကြီးတစ်ယောက်ရှိခဲ့သည်။

ဆိုတော့... အဲ့တယောက်က သခင်မကြီး အစ်ကို၏သား ဖြစ်နိုင်လား။

ရှောင်းယိုနဥ်က ဤဖြစ်နိုင်ခြေသည် အလွန်ဆိုးရွားလွန်းသည်ဟု ခံစားမိသည်။ အဖြေကို သူမ မှန်းဆနိုင်သောကြောင့် ရိုးရိုးရှင်းရှင်းပင် မမှန်းဆနေတော့ပေ။

ညနေပိုင်းတွင် ဆွေမျိုးများအားလုံး သတိရှိရှိဖြင့် နှုတ်ဆက်ကာ ပြန်သွားကြသည်။ အားလုံးက ညစာစားဖို့ မနေကြတော့ဘူး။ လူများ ထွက်သွားသည်နှင့် တပြိုင်နက် ကြီးမားသော နေအိမ်ကြီးက အလွန် တိတ်ဆိတ်သွားသည်။ ယဲ့ရှန်းက သူ့မိခင်နှင့် မနေတော့ဘဲ ရှောင်းယိုနဥ်နှင့်အတူ ပြန်လည်ထွက်ခွာလာခဲ့သည်။ သူက သူမကို ပင်မဝင်းနားက ဥယျာဉ်ငယ်လေးရဲ့အစွန်းကို ပို့ဆောင်ပေးခဲ့သည်။

ဒီအချိန်မှာ အေးနေပြီဖြစ်ပြီး မှောင်လာသည်နှင့်အမျှ အေးစက်သောလေက သူတို့၏အဝတ်အစားများ စိမ့်ဝင်သွားသည်။ ယဲ့ရှန်းက သူမလက်ကို အသေအချာ ဆုပ်ကိုင်ထားသောကြောင့် သူမက အေးစက်မှုကို မခံစားရပေ။ ခဏလောက် လမ်းလျှောက်ပြီးနောက် သူမ ခန္ဓာကိုယ် ပူနွေးလာသည်။ သူမ၏ပါးပြင်များက အနီရောင်အလွှာကို လိမ်းထားသလိုမျိုး နီမြန်းလာသည်။

ယဲ့ရှန်းက လက်တစ်ဖက်တွင် မီးပုံးကိုကိုင်ထားပြီး ကျန်တစ်ဖက်က သူမကို ကိုင်ထားသည်။ သူ သူမကို ကြည့်လိုက်တော့ သူမရဲ့ နူးညံ့ပြီး လှပတဲ့ မျက်နှာလေးက ပွင့်နေတဲ့ ပင်စိမ်းပွင့်လေးလို ဖြစ်နေတာကို သူတွေ့လိုက်ရတယ်။ သူ မနေနိုင်တော့ဘဲ ခေါင်းငုံ့ကာ သူမပါးပြင်ကို နမ်းလိုက်သည်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now