Ch-4.1

4.2K 335 1
                                    

အခန်း ၄ အပိုင်း ၁

ရှောင်းယိုနဥ်က အခန်းအတွင်း လေဝင်လေထွက်ကောင်းစေရန် ပြတင်းပေါက်ကို ဖွင့်ကာ မှိုကဲ့သို့သော အနံ့မျိုးကို ဖယ်ရှားရန် ကြိုးစားခဲ့သော်လည်း တစ်နှစ်ပတ်လုံး နေရောင်ကို မမြင်ရသော အခန်းက အနံဆိုးများ ရှိနေသေးသည်။ ဤနေရာနှင့် မနီးမဝေးတွင် မီးဖိုချောင်ရှိပြီး လေတိုက်သောအခါ ဆီနံ့နှင့် မီးခိုးနံ့များက အခန်းတွင်းသို့ စိမ့်ဝင်လာသည်။

ထိုရနံ့နှစ်ခုက တပြိုင်နက်တည်း ရောထွေးလာသောကြောင့် အနံက ပို၍ စူးရှလာသည်။ မီးဖိုချောင်အတွင်းမှ အစေခံများက အောက်တန်းကျပြီး ညစ်ညမ်းသော စကားများပြောဆိုရခြင်းကို နှစ်သက်ကြပုံပင်။ သူတို့၏ အရှက်မဲ့စွာ ပြောင်ပြောင်တင်းတင်း ပြောဆို ရယ်မောသံများက သူမတို့၏နားထဲသို့ တည့်တည့်တိုးဝင်လာသည်။

အစပိုင်းတွင် ယွမ်ကော်က မခံမရပ်နိုင် ဖြစ်နေပြီး ကျိန်စာအချို့ကို ရေရွတ်ကာ ပြတင်းပေါက်ကို ဆောင့်ပိတ်လိုက်သည်။ ထို့နောက် သူမက ရှောင်းယိုနဥ်ဘက်သို့ ပြန်လှည့်လိုက်ပြီး "သခင်မလေး၊ ကျေးဇူးပြုပြီး ခဏလောက် သည်းခံပေးပါ၊ ညဘက်ဆိုရင်တော့ မီးဖိုချောင်မှာ အလုပ်သမားတွေ မရှိလောက်တော့ပါဘူး၊ နည်းနည်းတော့ တိတ်ဆိတ်သွားလိမ့်မယ်"

"အိမ်ကနေတောင် ထွက်ပြီးပြီပဲ၊ ဒါတွေကို သိပ်ပြီး ဂရုစိုက်မနေပါနဲ့တော့" ရှောင်းယိုနဥ်က ကုလားထိုင်ပေါ်တွင် မောပန်းနွမ်းနယ်စွာ ထိုင်နေသော်လည်း သူမ၏အသံကတော့ ငှက်မွှေးကဲ့သို့ ပေါ့ပါးနေသည်။

ယွမ်ကော်က စားပွဲပေါ်ရှိ လက်ဖက်ရည်အိုးနှင့် ခွက်ကို လှမ်းယူလိုက်သည်။ သူမက ရေငတ်ပြေစေရန် ရေနွေးတစ်ခွက်လောက် သောက်ချင်နေခဲ့သော်လည်း ရေနွေးအိုးအလွတ်ကိုသာ ကိုင်မိလိုက်သည်။

အစေခံ မိန်းခလေး၏ မျက်နှာဝိုင်းလေးမှ မျက်လုံးများက ပြူးကျယ်သွားသည်။ သူမက သူမ၏ဒေါသကို ထိန်းကာ သက်ပြင်းတစ်ချက်ချလိုက်ပြီး အပြင်ထွက်ရန် ပြင်ဆင်လိုက်သည်။ သူမက လက်ဖက်ရည်အိုးကို ကိုင်ကာ "သခင်မလေး ခဏလောက် အနားယူလိုက်ပါဦး၊ ကျွန်မ ရေတောင်းဖို့ လူ သွားရှာလိုက်ဦးမယ်"

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now