အခန်း ၄၇ အပိုင်း ၂
"မင်း ရဲတင်းလှချည်လား!" နဥ်ယွမ်မှူးမတ်က စားပွဲကို ဆောင့်ရိုက်လိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။ ပြီးတော့ သူ့ကို စိုက်ကြည့်နေသည်။ "ဒီလောင်ဇီက နဥ်အာကို မင်းနဲ့ လက်ထပ်ပေးမယ်လို့ ကတိပေးခဲ့လို့လား"
"အမတ်ကြီး၊ စိတ်အေးအေးထားပါ" ယဲ့ရှန်းက သူ့ယောက္ခမ၏ဒေါသကို ရင်ဆိုင်ရင်း အနည်းငယ် ပြုံးပြလိုက်သည်။ သူက ပေါ့ပါးသောလေသံဖြင့် "နဥ်အာ မြို့တော်မှာ ဖြတ်သန်းခဲ့ရတဲ့ ဒုက္ခတွေက အမတ်ကြီး ဘယ်တော့မှ စိတ်ကူးမယဉ်နိုင်တဲ့ အရာတွေပါ၊ သူ(မ)နဲ့ ကျွန်တော် ကံကြမ္မာကြောင့် စုံစည်းခဲ့တာပါ၊ အသက်ကယ်တဲ့ ကျေးဇူးကြောင့် သူ(မ)ကို အတင်းအကြပ် ခြိမ်းခြောက်ခဲ့တာ မဟုတ်ပါဘူး၊ ကျွန်တော်မှာ သူမအတွက် ရိုးသားတဲ့ ခံစားချက်တွေပဲ ရှိပါတယ်၊ ကျွန်တော်က တရားဝင်ရာထူး မရှိတာကြောင့်ဆိုရင် ဒီကိစ္စကို အမတ်ကြီးရဲ့ဆန္ဒအပေါ် မူတည်ပြီး ဖြည့်ဆည်းပေးနိုင်တယ်၊ သူ(မ)အတွက် ဂုဏ်တက်စေချင်တယ်ဆိုရင်လဲ ကျွန်တော် လုပ်ပေးနိုင်တယ်၊ အမတ်ကြီးက ကျွန်တော့်ကို သူ(မ)အနားမှာ အချိန်တိုင်းရှိနေစေချင်တာဆိုရင်လဲ ကျွန်တော် သဘောတူတယ်၊ စည်းစိမ်၊ ဂုဏ်၊ ဒါမှမဟုတ် ဘဝအာမခံချက် ဘာပဲဖြစ်ဖြစ် ကျွန်တော်,ယဲ့ရှန်းက သူ(မ)အတွက် ပေးနိုင်မှာပါ..."
နဥ်ယွမ်မှူးမတ်၏ မျက်နှာပေါ်ရှိ ဒေါသများက ပျောက်ကွယ်သွားပြီး ဖြည်းဖြည်းချင်း လေးနက်လာသည်။ သူ့မျက်လုံးများက ယဲ့ရှန်းကို စူးစူးစိုက်စိုက်ကြည့်နေသည်။
"ပဉ္စမသခင်လေး မင်းက ကတိ ကြီးကြီးမားမားတွေ ပေးနေတာလား"
"ဟုတ်တယ်"
သူက ခေါင်းညိတ်လိုက်တာကြောင့် နဥ်ယွမ်မှူးမတ်က တုန်လှုပ်သွားသည်။ သူ့မျက်လုံးများက မောင်းအရွယ်အစားအထိ ကျယ်လာသည်။ နောက်ဆုံးတော့ သူက စားပွဲမှာ ဖြည်းညှင်းစွာ ပြန်ထိုင်ချလိုက်သည်။ သူ အနည်းငယ် ခွန်အားမရှိသလို ခံစားနေရပြီး "အရှင်မင်းမြတ်က မင်းရဲ့ဆန္ဒကို ဘယ်လို သဘောတူနိုင်တာလဲ၊ ဦးလေးက တူမကို ဘယ်လို လက်ထပ်နိုင်မလဲ"

KAMU SEDANG MEMBACA
ဒုတိယအကြိမ်...လက်ထပ်ခြင်း
Fiksi SejarahMyanmar Translation of China Web-Novel "Second Marriage" English Title : Second Marriage Original Authors : 喵蓝 English Translators : https://www.novelupdates.com/group/wordrain/ Episode : 66...