Ch -39

2K 217 17
                                    

အပိုင်း ၃၉

"ရှင် ဘာလို့ တထုံကို သွားမှာလဲ" ရှောင်းယိုနဥ်က ချက်ချင်းထထိုင်လိုက်သည်။ သူမ၏ မျက်လုံးများက ချက်ချင်းပင် တောက်ပလာသည်။

ယဲ့ရှန်းက သူမအိပ်နေချိန်မှာ သူမရဲ့အတွင်းအခန်းထဲအထိ ဝင်ရောက်လာတာက မသင့်တော်မှန်း သိပေမယ့် သူမ၏ အနည်းငယ် ရှုတ်ထွေးနေသောဆံပင်နှင့် နီမြန်းနေသော ပါးပြင်များ၏ အလွန်နူးညံ့သိမ်မွေ့နေပုံကို မြင်လိုက်ရတော့ သူ့အတွေးထဲက စည်းမျဥ်းစည်းကမ်းအားလုံးကို ဖယ်ထားလိုက်တော့သည်။ အပြင်လူတွေလည်း သိမှာ မဟုတ်ဘူး။ ဒီတော့ သူ စည်းမျဥ်းစည်းကမ်းတွေကို ကျော်လွန်မိသွားရင်လဲ ဘာဖြစ်လဲ။

သူက သူမ၏ လှပသော မျက်လုံးများကို ကြည့်ရင်း သူမဆံပင်ကို နားရွက်နောက်သို့ ညှပ်ပေးရန် သူ့လက်ကို မြှောက်လိုက်သည်။

ရှောင်းယိုနဥ်က ယခုအချိန်တွင်မှ သူတို့မည်မျှ မသေချာမရေရာ ဖြစ်နေသည်ကို နောက်ကျစွာ သဘောပေါက်သွားခဲ့သည်။ သူမ၏ ပန်းနုရောင် မျက်နှာလေးက နီရဲလာကာ နောက်တစ်ကြိမ် စိတ်မသက်မသာဖြင့် ပြန်လှုပ်ရှားလာသည်။

သူက လက်ကိုပြန်ချပြီး သူမပခုံးကို ညင်သာစွာ ညှစ်လိုက်သည်။ "ကိုယ် တထုံကို သွားမှာက ဧကရာဇ်က မင်းအဖေနဲ့ ပတ်သတ်တဲ့ တစ်ခုခုကို ရှာဖို့ အမိန့်ပေးတယ်။ မ​နေ့​က ဧကရာဇ်က ကိုယ့်​ကို အမိန့်ပေး​တာ။ မင်း ကိုယ်နဲ့ လိုက်ခဲ့မယ် ဆိုရင် မင်းအဖေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ မြန်မြန် ရနိုင်လိမ့်မယ်"

သူ့စကားကြားတော့ ရှောင်းယိုနဥ်က သူ့ကို ရှောင်လွှဲဖို့ ကြိုးစားနေတာကို မေ့သွားတယ်။ "တကယ်လား?" သူမ အံ့အားသင့်နေသည့်ကြားမှ သူမသည် သူ့အင်္ကျီလက်ဝကို ဆွဲကိုင်ကာ "ဒါဆို ဘယ်အချိန်ထွက်မှာလဲ" လို့ မေးနေသေးသည်။

သူမ လက်နှစ်ဘက်စလုံးက သူ့အင်္ကျီလက်ဝတွေပေါ်မှာရှိနေသည်။ ယဲ့ရှန်းက အဲဒါကို မြင်လိုက်တော့ ဒီလက်တွေကို သူဆုပ်ကိုင်ထားရင် ဘာဖြစ်မလဲဆိုတာ ရုတ်တရက် တွေးနေမိသည်။

ဒါပေမယ့် သူမကို သူ ဘယ်လိုမှ မထိဝံ့ဘူး။ တွေးမိနေတာတောင်မှ သူ့နှလုံးသားက တွန်းအားအပြည့်နဲ့ ခုန်နေသည်။ အပြင်ပန်းမှာတော့ သူ့အမူအရာက ရေကဲ့သို့ ငြိမ်သက်နေပြီး သူမကို လေးလေးနက်နက်ပင် စကားပြောနိုင်သည်။ "ဖြစ်နိုင်ရင် ဒီနေ့ သွားမယ်။ အခု စထွက်ရင် မကြာခင် လှေဆိပ်ကို ရောက်နိုင်တယ်။ ရေလမ်းက ကုန်းလမ်းထက် ပိုမြန်တယ်။ အဲ့တာကြောင့် ရေလမ်းအတိုင်းသွားမယ်။ မင်းရော ဘယ်လိုထင်လဲ?"

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now