Ch -56.2

2.2K 211 3
                                    

အခန်း ၅၆ အပိုင်း ၂

ထို့နောက် သူက ငိုနေပြီဖြစ်သော ဟွေ့ကျင့်ကို အေးစက်စွာ ကြည့်လိုက်သည်။ "မင်းကရော ငိုဖို့ သတ္တိရှိနေသေးတာလား! မင်းက လီမိသားစုကို လက်ထပ်ဖို့ အတင်း ဖိအားပေးခဲ့တဲ့သူလေ၊ လီမိသားစုက မင်းကို မင်းနဲ့ထိုက်တန်တဲ့ပုံစံအတိုင်း ပြန်ဆက်ဆံသင့်တယ်!"

လက်ထောက်ဝန်ကြီးလီက ခေါင်းငုံ့နေကာ စီရင်ချက်ကို သည်းခံစောင့်စားနေသည်။ လီချင်ကျစ်က မော့ကြည့်ကာ စကားပြောချင်သော်လည်း ဧကရာဇ်က သူ့ကို စကားပြောခွင့် မပေးပေ။ ဧကရာဇ်က အကြည့်တစ်ချက်နဲ့ သူ့ကို ဖိနှိမ်လိုက်သည်။ "မင်းမှာရော တာဝန်မရှိဘူးထင်နေလား၊ မင်း ပထမအကြိမ် မင်းအမေရဲ့ လှုံ့ဆော်မှုကို မျက်စိစုံမှိတ် နားထောင်ပြီး မင်းရဲ့ ပထမဇနီးကို ကွာရှင်းလိုက်တယ်၊ ပြီးတော့ မင်းက ဟွေ့ကျင့်ကို လက်ထပ်ခဲ့တယ်၊ ခုကျတော့ မင်းက မကျေမနပ်ဖြစ်နေသေးတယ်လား၊ မင်း သူ့ကို အတွင်းဆောင်မှာ တစ်ယောက်တည်း ပစ်ထားခဲ့တာ မဟုတ်လား၊ မင်းက ဂန္ထဝင်စာအုပ်တွေကို သင်ခဲ့ရပေမယ့် ဂုဏ်သိက္ခာတွေ တရားမျှတမှုတွေ သမာဓိနဲ့ ဂုဏ်အသရေအကြောင်းကို ဘာမှ မသိတာကတော့ တကယ်ကို ကမောက်ကမပဲ၊ မင်းနဲ့ မထိုက်တန်ဘူး!"

လီချင်ကျစ်၏မျက်နှာက အရောင်ဖျော့တော့နေပြီး ဧကရာဇ်မင်းမြတ်၏ ဖိနှိပ်မှုအောက်တွင် တစ်ကိုယ်လုံး ချွေးများထွက်နေသည်။

သူတို့အားလုံးကို ကြိမ်းမောင်းပြီးနောက်၊ ဧကရာဇ်မင်းက နောက်ဆုံးတွင် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူက ငြိမ်သက်သွားပြီး နိဂုံးချုပ်လိုက်သည်။ "ပထမဆုံးအနေနဲ့ ဒီကိစ္စကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သဟဇာတဖြစ်အောင် သင့်လျော်သလို ဖြေရှင်းသွားမယ်၊ ဒါက တော်ဝင်မိသားစုနဲ့ပတ်သက်တဲ့ ကိစ္စတစ်ခု လည်းဖြစ်နေတယ်၊ လက်ထောက်ဝန်ကြီးလီက ဒီလိုမိသားစုကိစ္စကြောင့် ရာထူးက နုတ်ထွက်စရာ မလိုဘူး၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သဟဇာတဖြစ်အောင် မြို့တော်မှာရှိတဲ့ လူတွေအားလုံးရှေ့မှာ အကြီးဆုံးမင်းသမီးကို တောင်းပန်ခိုင်းမယ်၊ ဟွေ့ကျင့်ကလည်း အသိဉာဏ်မရှိသလို ခင်ပွန်းသည်ကိုလည်း နားမလည်ပေးဘူး၊ အဲ့တာအပြင် မိဘယောက္ခမတွေကို ပြုစုဖို့ကိုလည်း နားမလည်ဘူး၊ သူ(မ)က မှန်ကန်တဲ့ ကျင့်ဝတ်တွေကို မသင်ယူခဲ့ဘူးပဲ၊ ကျန်းက ဧကရီနဲ့တိုင်ပင်ပြီး မော့မော့တွေ လွှတ်ပြီး သူ့(မ)ကို ကျင့်ဝတ်တွေ သင်ပေးခိုင်းမယ်၊ မင်းတို့အားလုံး ပြန်သွားကြတော့၊ ကျန်းက တော်ဝင်မိသားစုကို လူတွေဝေဖန်တာကို မကြားချင်တော့ဘူး၊ လီမိသားစုကလည်း အိမ်ထောင်စုအတွင်းမှာရှိတဲ့ မိသားစုဝင်အရေအတွက်ကို တိုးမြှင့်သင့်တယ် အနာဂတ်မှာ တိုင်းပြည်တာဝန်ကို ကောင်းကောင်းမွန်မွန် ထမ်းဆောင်သင့်တယ်!"

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now