အခန်း ၁၁ အပိုင်း ၂
ရှောင်းယိုနဥ်ထံတွင်လည်း သူမ၏ကိုယ်ပိုင် အစီအစဉ်များ ရှိနေပြီး နောက်ထပ် အချက်အလက်များကို စောင့်မျှော်နေခဲ့သည်။ သို့သော်လည်း ယဲ့ရှန်းက မီးတောက်ထဲသို့ လောင်စာထည့်သည့်နောက်ကွယ်မှ လူတစ်ဦးဖြစ်လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ သူမ တည်းခိုရာနေရာကို မြို့တော်ရှိလူတိုင်း သိနိုင်ရန်အတွက် အချိန်တစ်ရက်သာ လိုခဲ့သည်။
ထိုအချိန်တွင် မြို့တော်ရှိ မြင့်မြတ်သော မိသားစုများစွာက အခြားကိစ္စတစ်ခုနှင့်ပတ်သက်၍ စိတ်အားထက်သန်စွာ စောင့်မျှော်နေခဲ့ပြီး ထိုအထဲတွင် လီမိသားစုလည်း ပါဝင်နေခဲ့သည်။
"အမေ၊ ဒီသားလေးက မကြာသေးခင်ကမှ ကျောင်းသင်ခန်းစာတွေနဲ့ အလုပ်ရှုပ်နေပြီး ပွဲကို သွားဖို့ အားလပ်ချိန် မရှိဘူး"
လီမိသားစု၏နေအိမ်တွင် လီသခင်မက သူမ၏သားဖြစ်သူကို အပြင်ထွက်ရန် ဆွဲခေါ်နေခဲ့သည်။ သူမ၏သားက သူမ၏ကြင်နာသော ရည်ရွယ်ချက်များကို ငြင်းပယ်လိုက်သောကြောင့် သူမ၏ မျက်နှာက ချက်ချင်း ပြောင်းလဲသွားသည်။
ပေါက်ကွဲသံနှင့်အတူ လီသခင်မက လက်ဖက်ရည်ခွက်ကို အနီရောင် စန္ဒကူးသားစားပွဲပေါ်သို့ ပစ်ချလိုက်သည်။ သူမက သူ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ကာ "ဒီလမှာ တော်ဝင်ကျောင်းက ဆရာကြီးတွေက မင်းကို အိမ်မှာပဲ စာဖတ်ခိုင်းတယ်။ ဘာသင်ခန်းစာတွေ ရှိနေလို့လဲ။ ငါက မင်းကို ပွဲတက်စေချင်ပြီး မင်းက ငါ့ကို ဆင်ခြေမျိုးစုံပေးနေတယ်။ မင်းက အမေ့ကို မင်းအတွက်နဲ့ နာကျင်စေမှာလား?"
သူ့၏အကြံအစည်များ ဖော်ထုတ်ခံလိုက်ရသောကြောင့် လီချင်ကျစ်၏အမူအရာကလည်း မကောင်းတော့ပေ။ သူက ဘာမှ ပြန်မပြောသော်လည်း သူမ သား၏ ပျော့ပျောင်းမလိုနှင့် ကျွတ်ဆတ်သော အသွင်အပြင်က လီသခင်မကို ဒေါသထွက်စေခဲ့သည်။
ရှောင်းယိုနဥ်က လီမိသားစုအတွက် အရှုပ်အထွေးများ ပြုလုပ်ထားခဲ့သောကြောင့် သူမ၏ခင်ပွန်းက သူမကို ကြင်နာမှုမရှိခဲ့ဘဲ သူမကို စကားတစ်ခွန်းမှ မပြောခဲ့ပေ။ သူမသားကလည်း သူမကို အပြစ်တင်နေသည်။ သူက သူမကို နေ့တိုင်းလာရောက် ဂါရဝပြုသော်လည်း ရိုးရှင်းသော စကားလောက်သာ ဝတ်ကျေတမ်းကျေ ပြောပြီး ပြန်လှည့်ထွက်သွားတက်သည်။

YOU ARE READING
ဒုတိယအကြိမ်...လက်ထပ်ခြင်း
Historical FictionMyanmar Translation of China Web-Novel "Second Marriage" English Title : Second Marriage Original Authors : 喵蓝 English Translators : https://www.novelupdates.com/group/wordrain/ Episode : 66...