Ch- 50.2

1.8K 201 0
                                    

အခန်း ၅၀ အပိုင်း

လီချင်ကျစ်က နယ်စပ်၏ ဆိုးရွားသော အခြေအနေအကြောင်းကို သိသောအခါ သူ့နှလုံးသားက လေးလံလာသည်။ ဟွေ့ကျင့်က ရှောင်းမိသားစုအား လှောင်ပြောင်နေသည်ကို မြင်လိုက်ရသောအခါတွင် တိုးထွက်လာသော ဒေါသများကို သူ မတားဆီးနိုင်ခဲ့ပေ။ "မင်းက သာမန်ပြည်သူတွေကို သူတို့ရဲ့ အနစ်နာခံမှုအတွက် စော်ကားနေတာပဲ၊ မင်းရဲ့အမြင်တွေက ကျဉ်းမြောင်းနေတယ်၊ ထင်ချင်ရာထင်ဖို့နဲ့ အာဃာတတွေကို ဘယ်လို ထိန်းရမလဲဆိုတာပဲ မင်း သိတယ်။ အခုဆို နယ်စပ်က စိုးရိမ်ရတဲ့ အခြေအနေ ရောက်နေတယ်၊ ဆိုလိုတာက ငါတို့တိုင်းပြည်လည်း စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်နေတယ်၊ အဲ့တာကို မင်းမှာ ဒီလိုရိုင်းစိုင်းတဲ့ စကားတွေ ပြောဖို့ အချိန်ရှိနေသေးတာလား၊ မင်း ဒီလို မိုက်မဲတဲ့စကားမျိုးတွေ ထပ်ပြောရင် ငါ့တို့လီမိသားစုက မင်းကို သည်းမခံဘူးလို့ လာမပြောနဲ့!"

ဟွေ့ကျင့်က သူမအပေါ် နှိမ့်ချသော ထိုကဲ့ရဲ့ပြစ်တင်မှုကို မကြားချင်ပေ။ "ဒါက ရှင့်ရဲ့ လီမိသားစုနဲ့လဲ မထိုက်တန်ဘူး" လို့ ပြန်ပြောရင်း မနားတမ်းငိုနေသည်။ "ရှင်တို့ လီမိသားစုက တစ်သက်လုံး လောဘကြီးလာပြီး သေခြင်းတရားကို လက်ခံရမှာကို ကြောက်နေတဲ့သူတွေလေ။ ဘာလို့ အဲ့လို တွေးနေမှန်းတောင် မသိနိုင်ဘူး! ရှင်တို့ရဲ့ လီမိသားစုရဲ့ ကျေးဇူးကန်းမှုကို ကျွန်မက ဘယ်လိုပြောရမလဲ"

လီချင်ကျစ်က ဆို့နင့်နေပြီး စကားပြန်မပြောနိုင်တော့ပေ။ သူ နောက်ပြန်လှည့်ပြီး သူမကို လုံးဝလျစ်လျူရှုလိုက်သည်။

ဟွေ့ကျင့်က တစ်ချိန်လုံး ငိုနေပြီး ရထားလုံးပေါ်မှ ဆင်းသောအခါ သူမမျက်လုံးများ ရောင်ရမ်းလာသည်။ အကြီးဆုံးမင်းသမီးက သူမသမီးကို ဘေးသို့ဆွဲထုတ်ကာ ဒေါသအရမ်းထွက်နေပြီး တစ်စုံတစ်ခုကို ဖျက်ဆီးပြစ်ချင်နေသည်။ "သူက မင်းကို ကောင်းကောင်းမွန်မွန် မဆက်ဆံဘူး။ အဲ့တာကို မင်းက သူ့အပြစ်မဟုတ်ဘူးလို့ ပြောနေသေးတယ်!"

ဘေးနားက မော့မော့က ဖျောင်းဖျဖို့ ကြိုးစားနေသည်။ အနည်းဆုံးတော့ သူမက သူ့သားမက်ကို ရိုက်ဖို့ သူမရဲ့ကြာပွတ်ကို မတောင်းသင့်ဘူးလေ။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now