အခန်း ၂၆ အပိုင်း ၁
ရှောင်းယိုနဥ်က နေ့လည်စာစားပြီးနောက် ရှောင်းမိသားစု၏ ဒုတိယအိမ်တော်ခွဲသို့ ပြန်လာခဲ့သည်။ မြို့တော်ရှိ ညှိနှိုင်းပေးသူ၏ အကူအညီနှင့် ခြံဝင်းကို အပြီးသတ် ဝယ်ယူခဲ့သည်။
သူမက သူမလက်ထဲမှ လတ်လတ်ဆတ်ဆတ် ရေးထိုးထားသော လက်မှတ်ကို ကြည့်ပြီး စိတ်ကောင်းဝင်နေခဲ့သည်။
ရထားလုံးပေါ်မှ ဆင်းလာသောအခါတွင် နေအိမ်ရှိ လေထုက ယခင်ကနှင့်မတူပဲ အနည်းငယ် ကွဲပြားသွားသည်ကို တွေ့လိုက်ရသည်။ အစေခံများ၏ မျက်နှာများက ရွှင်လန်းမှုအပြည့်နှင့် သတင်းကောင်းတစ်ခု ရှိနေပုံရသည်။
ယွမ်ကော်လည်း ဒါကို သတိထားမိပြီး ပတ်ဝန်းကျင်ကို စူးစူးစိုက်စိုက် ကြည့်နေသည်။ ထို့နောက် သူမက "ဒုတိယအိမ်တော်ခွဲက သခင်လေး စေ့စပ်တာ ဖြစ်နိုင်လား" ဟု တိုးတိုးလေး ပြောလိုက်သည်။
နေ့တာက တိုလဲမတိုဘူး ရှည်လဲမရှည်ဘူး၊ ဆောင်းဦးမို့ နေရာတိုင်းကို ကြွေကျနေတဲ့ သစ်ရွက်ခြောက်တွေကိုရှင်းဖို့ ကြမ်းပြင်ကို လှည်းကျင်းနေကြသည်။
ရှောင်းယိုနဥ်က ဒါကို လျစ်လျူရှုပြီး "သူတို့ လုပ်ချင်သလို လုပ်နိုင်ပါတယ်။ ငါတို့လဲ ဒီမှာ ကြာကြာနေမှာမှ မဟုတ်တာ"
ယနေ့တွင် ညှိနှိုင်းပေးသူက တန်ဖိုးကြီးတဲ့ အိမ်တစ်လုံးအကြောင်း သူ့အသိမိတ်ဆွေအားလုံးကို မေးပေမယ်လို့ ကတိပေးခဲ့သည်။ ထိုကြောင့် မကြာခင် သတင်းကောင်း ရှိနိုင်သည်။
ခြံဝင်းကျယ်ကြီးကို သူမ မလိုချင်သော်လည်း မှူးမတ်များစုရုံးရာ မြို့အရှေ့ဘက်ခြမ်းတွင် ခြံဝင်းသုံးခုပါသော ဝင်းကိုဝယ်ရန် ခက်ခဲသည်။ ခြံဝင်းနှစ်ခု ဆိုရင်တောင် အလွန်စျေးကြီးသော်လည်း နောက်ထပ် အစေခံများနေထိုင်ရန် နေရာ မရှိတော့ပေ။ နေရာတစ်ခုကို ဂရုတစိုက်ရှာဖွေပါက ဝန်းပိုတစ်ခုကို ရှာတွေ့နိုင်မည်ဖြစ်သည်။ အဆိုးဆုံးအခြေအနေတွင်၊ နေရာတစ်ခုအတွက် ပိုက်ဆံအနည်းငယ်ပိုသုံးရနိုင်သည်။
ရှောင်းယိုနဥ်က တွေးတောရင်း သူမနေထိုင်ရာ ဧည့်ခြံဝင်းဆီသို့ လမ်းအတိုင်း ဖြည်းညှင်းစွာ လမ်းလျောက်သွားနေသည်။ ဘဏ္ဍာစိုးတစ်ဦးက သူမကို ပျော်ရွှင်စွာ တားဆီးခဲ့သည်။

YOU ARE READING
ဒုတိယအကြိမ်...လက်ထပ်ခြင်း
Historical FictionMyanmar Translation of China Web-Novel "Second Marriage" English Title : Second Marriage Original Authors : 喵蓝 English Translators : https://www.novelupdates.com/group/wordrain/ Episode : 66...