အခန်း ၂၄
ဟော်မင်ဝူက အချိန်မီမိုးရွာစေခဲ့သည်။*၁ နောက်နေ့တွေမှာတော့ ရှောင်းယိုနဥ်က တခြားဘာမှ လုပ်စရာမရှိတဲ့အတွက် မိန်းမစိုးကို ဂရုစိုက်ဖို့ အပေါင်ဆိုင်ကို သွားဖို့ပဲ အာရုံစိုက်စရာလို့တော့တယ်။
(အချိန်မီမိုးရွာစေခဲ့သည်။*၁- အချိန်အခါသင့်ရောက်ရှိလာသည်)
အဲ့ဒါက သူမကို ပိုပျော်ရွှင်စေတယ်။
သူမက သူမရဲ့မျှော်လင့်ချက်အားလုံးကို မရေရာတဲ့နေ့တွေအတွက် ပုံအောမထားပါဘူး။ သူမအတွက် မျှော်လင့်ချက် အနည်းငယ်ရှိရင်ပဲ ကျေနပ်ပါပြီ။
ရှောင်းယိုနဥ်က စိတ်ကောင်းဝင်နေပြီး သူမကို ပြန်လာရှာချင်နေတဲ့ သူမရဲ့ ဒုတိယဝမ်းကွဲကို ဂရုစိုက်မနေတော့ဘူး။ အိမ်ကောင်းတစ်အိမ် ရှာတွေ့ရင် သူမ ထွက်သွားမယ်။ ရှောင်း မိသားစုရဲ့ ဒုတိယအိမ်တော်ခွဲက သူမနဲ့ ဘာဆိုင်လို့လဲ။
အခုအချိန်မှာ ရှောင်းဒုတိယသခင်ကြီးက သူမနောက်ကွယ်မှာ တစ်ခုခုလုပ်ပြီး မကောင်းကြံနေမှာကိုလဲ မကြောက်တော့ပေ။ သူမ အလွန်စိတ်သက်သာရာ ရသွားသည်။
ရှောင်းယိုနဥ်က တစ်ညလုံး အိပ်မက်တောင်မမက်ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ခဲ့သည်။ နောက်နေ့မနက်စောစောမှာ အပြန်ကို ပြန်ထွက်လာခဲ့သည်။ ရှောင်းအန်းနဥ်က ရှောင်းသခင်မကြီးရဲ့ရောဂါကို အကြောင်းပြပြီး ရှောင်းယိုနဥ်က ဝတ်တရားမကျေဘူးလို့ စွပ်စွဲဖို့ ပြင်ဆင်နေခဲ့သည်။ ဒါပေမယ့်လဲ ရှောင်းယိုနဥ်က ဂါရဝပြုဖို့တောင် ရောက်မလာခဲ့ဘူး။ နောက်ဆုံးတော့ သူမဘာသာ ဒေါသတကြီးနဲ့ ခြေဆောင့်ရုံပဲတက်နိုင်တော့သည်။
အိမ်ဝယ်ရန် ကြားခံညှိနှိုင်းပေးသူက ချိန်းဆိုထားတဲ့အချိန်အတိုင်း မြို့တံခါးမှာ သူမတို့ကို စောင့်နေသည်။ ရထားလုံးနှစ်စီးခွဲပြီး မြို့မြောက်ဘက် ဆင်ခြေဖုံးကို ထွက်သွားကြသည်။
ရှောင်းယိုနဥ်က ခရီးစဉ်အတွင်း ရင်းနှီးပြီးသား ရှုခင်းအချို့ကို ကြည့်ရှုပြီးနောက် ဤလမ်းသည် ချင်ဖုန်း တာအို ဘုရားကျောင်းသို့ ဦးတည်သွားနိုင်ကြောင်း သိလိုက်ရသည်။
ВЫ ЧИТАЕТЕ
ဒုတိယအကြိမ်...လက်ထပ်ခြင်း
Исторические романыMyanmar Translation of China Web-Novel "Second Marriage" English Title : Second Marriage Original Authors : 喵蓝 English Translators : https://www.novelupdates.com/group/wordrain/ Episode : 66...