အခန်း ၃၃ အပိုင်း ၁
ခြံဝင်းက တိတ်ဆိတ်နေပြီး ရံဖန်ရံခါ လေက သူတို့ကို ဖြတ်တိုက်သွားသည်။ ယဲ့ရှန်းက သူမ၏ အတွေးထဲတွင် သူမအဖေနှင့် အစ်ကိုအတွက် စိုးရိမ်ပူပန်မှုများသာ ပြည့်နှက်နေမှန်း သိသည်။ ထို့ကြောင့် သူ သူမကို စိုက်ကြည့်ရင်း အံကြိတ်ကာ စကားမပြောဘဲ နေလိုက်သည်။
လေထုသည် တစ်ပြိုင်နက် အေးခဲသွားသည်။ ရှောင်းယိုနဥ်က သူမ၏ အရည်အချင်းမရှိမှုကြောင့် တိုက်ပွဲတွင် ရှုံးနိမ့်သွားသလိုမျိုး သူ့ကို စိုက်ကြည့်နေသည်။ အဲဒါကို တွေးပြီး "ပဉ္စမသခင်လေး... ကျွန်မပြောတာက စကားမှားပြီး ရှင့်ကို စိတ်အနှောက်အယှက်ဖြစ်စေတာလား"
သူမက သတိထားပြီး စကားပြောပြီးနောက် မျက်တောင်ခတ်လိုက်သည်။ ပုံမှန်အားဖြင့်၊ သူမ၏ မက်မွန်ပွင့်မျက်လုံးများက ဆွဲဆောင်မှုရှိသော်လည်း မျက်တောင်ခတ်လိုက်တိုင်း ပြောမပြနိုင်သော နာကျင်မှုကို ဖော်ပြနေသည်။
ယဲ့ရှန်းက သူ့နဖူးမှ သွေးကြောများ ပြင်းထန်စွာ ခုန်နေသလို ခံစားလိုက်ရသည်။
သူက အပြစ်ကင်းသည်ဟု သူမ တွေးနေခဲ့သည်၊ ထို့ကြောင့် သူမလိုချင်သည့် သတင်းကို မှားပေးမိလျှင် မတရားမှုဒဏ်ကို သူမ ခံစားရမည်ကို သူစိုးရိမ်နေတာ ဖြစ်နိုင်သည်ဟု သူမမှန်းဆခဲ့သည်။
ကံမကောင်းစွာနဲ့ပဲ၊ အမျိုးသမီးများကို ရေဖြင့်ပြုလုပ်ထားခြင်းဖြစ်သည်။ သူတို့၏ လှိုင်းတံပိုးများသည် တောင်များကို ဖျက်ဆီးနိုင်ပြီး မြေကြီးကို လှုပ်ခတ်စေသော စွမ်းအားရှိသည်။ ယဲ့ရှန်း၏ရှေ့မှ မိန်းမငယ်လေးက မျက်တောင်ခတ်နေပြီး မျက်ရည်များကို မမြင်ရသော်လည်း သူ့၏ခက်ထန်သောနှလုံးသားကို ဦးစွာဖျက်ဆီးပစ်လိုက်သည်။
"မဟုတ်ဘူး ထမင်းသွားစားကြရအောင်"
သူက သူမကို ဦးဆောင်ပြီး ပင်မအခန်းဆီသို့ လျှောက်သွားလိုက်သည်။ အဆုံးမှာတော့ သူ သူမကို အပြစ်မတင်နိုင်ပါဘူး။ သူအပြစ်တင်ချင်တယ်ဆိုရင်တောင် သူမကို အပြစ်ရှိသလို ခံစားသွားရမှာကို သူ လက်မခံနိုင်ဘူး။

ANDA SEDANG MEMBACA
ဒုတိယအကြိမ်...လက်ထပ်ခြင်း
Fiksyen SejarahMyanmar Translation of China Web-Novel "Second Marriage" English Title : Second Marriage Original Authors : 喵蓝 English Translators : https://www.novelupdates.com/group/wordrain/ Episode : 66...