အခန်း ၃၀ အပိုင်း ၅
ယဲ့ရှန်းစိတ်က ဒီနေ့မှာဖြစ်နေတဲ့ ရာသီဥတုလိုပဲ တောက်ပနေပြီး သူ့မျက်နှာမှာလည်း နူးညံ့သိမ်မွေ့မှုတွေ ရှိနေသည်။ သူက ခရီးဆောင်အိတ်ကြီးတစ်လုံးကို သယ်ဆောင်လာသော ကျန့်ယင်အား ညွှန်ပြနေရင်း "ကိုယ့်ပစ္စည်းတွေ ဘယ်မှာထားရမလဲ"
ရှောင်းယိုနဥ်က ကိုယ်တိုင်ကိုယ်ကျ လမ်းပြပြီး အိမ်ထဲသို့ လျှောက်သွားကြသည်။ အပြင်မှ တစ်စုံတစ်ယောက်က ပြေးဝင်လာပြီး လက်ဆောင်တစ်ခု ပေးသည်။
သူတို့ လမ်းလျှောက်တာကို ရပ်လိုက်ပြီး "ဘယ်သူပို့လိုက်တာလဲ" လို့ တွေးနေမိသည်။
သူမကို လက်ဆောင်ပေးမယ့်သူကို သူမလည်း မသိပါဘူး။
ယဲ့ရှန်းက တစ်ခုခုကို တွေးမိလိုက်ပြီး သူ့နှလုံးသားက အနည်းငယ် လှုပ်ရှားသွားသည်။ သေချာသည်မှာ သူနှင့် အကျွမ်းတဝင်ရှိသော အသွင်ရှိသည့် လူတစ်ယောက်က အထဲသို့ ဝင်လာသည်ကို တွေ့လိုက်ရသည်။
သူ့အမေရဲ့ အစေခံ လျိုမားမားပါ။
လျိုမားမားက သူမ ဝင်လာသည့်တယောက်လုံး သူမ မျက်လုံးက သူမနှာခေါင်းကိုကြည့်နေကာ သူမနှာခေါင်းက သူမနှလုံးသားကို ကြည့်နေခဲ့သည်*၁။ (ရှက်လို့ ခေါင်းငုံထားတာ)။ သူမက သူမတို့မိသားစုမှ ပဉ္စမသခင်လေးကို မြင်လိုက်ပေမယ့် သူစိမ်းများကဲ့သို့ ဆက်လက်ဟန်ဆောင် ပြုမူခဲ့သည်။ သူမကိုကြည့်နေသော ရှောင်းယိုနဥ်ကို ပြုံးပြီး အရိုအသေ ပေးလိုက်ကာ သူမရဲ့ အထောက်အထားကို အသိပေးခဲ့သည်- "သခင်မလေး၊ ကျွန်မက ချင်ဖုန်းတာအို ဘုရားကျောင်းက လာတာပါ။ ကျွန်မတို့ရဲ့သခင်မကြီးက ဒီနေ့ သခင်မလေးရဲ့အိမ်သစ်တက်ပွဲရှိမှန်းသိလို့ ဂုဏ်ပြုလက်ဆောင်တစ်ခု ပို့ပေးဖို့ အမိန့်ပေးခဲ့ပါတယ်"
အဲ့ဒိနောက် သူမက အစေခံမိန်းကလေးကို ပစ္စည်းတချို့ကို လွှဲပေးလိုက်သည်။
ချင်ဖုန်းတာအိုဘုရားကျောင်းမှဟု ပြောသောအခါ ရှောင်းယိုနဥ်က သူမဘေးမှ အတူ လမ်းလျှောက်လာသော ယဲ့ရှန်းကို ဦးစွာ တွေးတောမိသည်။ ထို့နောက် သူမ မတွေ့ဖူးသော တာအိုဘုရားကျောင်း၏ သခင်အကြောင်း တွေးလိုက်မိသည်။

KAMU SEDANG MEMBACA
ဒုတိယအကြိမ်...လက်ထပ်ခြင်း
Fiksi SejarahMyanmar Translation of China Web-Novel "Second Marriage" English Title : Second Marriage Original Authors : 喵蓝 English Translators : https://www.novelupdates.com/group/wordrain/ Episode : 66...