Ch- 66.1

2.4K 205 1
                                    

အခန်း ၆၆ အပိုင်း ၁

အကြီးဆုံးမင်းသမီးက သူမကြားသမျှကို မယုံနိုင်ပေမယ့် မယုံနိုင်စရာ အကြောင်းလည်း မရှိပေ။

ဧကရာဇ်က ယဲ့ရှန်း၏အမည်ကို တော်ဝင်ဘိုးဘွားခန်းမသို့ ထည့်သွင်းရန် ကြေညာဖို့ အမိန့်ထုတ်ပြန်ခဲ့သည်။ အတုမဖြစ်နိုင်တော့ပေ။

ဧကရာဇ်မင်းက ယဲ့ရှန်းကို ဘာကြောင့် အလေးအနက်ထားပြီး နန်းတော်၌ နေစေခဲ့သည်ကို လူအများက အချိန်အတော်ကြာ တွေးတောနေခဲ့သည်။ ထိုသို့ဖြစ်မြောက်စေရန် ယဲ့သခင်မကြီးက လက်လှမ်းမမီသောနည်းလမ်းအချို့ကို အသုံးပြုခဲ့သည်ဟု သူမ ထင်ခဲ့သည်။

ဒါကို တခြားသူတွေက မသိပေမယ့် ဧကရာဇ်က တစ်ချိန်က ယဲ့သခင်မကြီး နေထိုင်ခဲ့တဲ့ တာအိုဘုရားကျောင်းကို တိတ်တဆိတ်သွားရောက်လည်ပတ်ခဲ့ပြီး အရှင်မင်းမြတ်က သာမန်လူတစ်ဦးအဖြစ် ၀တ်ဆင်သွားခဲ့ကြောင်း သူမသိခဲ့သည်။ အခုအချိန်မှာတော့ သူမ အကြောင်းပြချက်ကို သိရှိခဲ့ရပြီ။

ယဲ့ရှန်းက အမှန်တကယ်တွင် သူမ၏တတိယအစ်ကိုတော်ဖြစ်သူ၏ သားတော်ဖြစ်ကာ တော်ဝင်သွေးသားဖြစ်သည်။

တော်ဝင်အမိန့်ကြေညာစာနှင့်အတူ သူမ၏တတိယအစ်ကိုတော်ဖြစ်သူထံမှ သက်သေအဖြစ် သွေးဖြင့်ရေးသားသောစာလည်း ပါရှိသည်။

ထိုအမျိုးသမီးနှင့် ယဲ့ရှန်း ဘိုးဘွားခန်းမထဲသို့ ချောချောမွေ့မွေ့ ဝင်နိုင်စေရန်အတွက် သူမ၏ရဲရင့်သောအစ်ကိုက သူ၏အရက်မူးယစ်ခြင်းအမှားကို အမှန်အတိုင်း ဝန်ခံခဲ့သည်။ သို့သော် သူက ထိုမိန်းခလေးကို မြင်မြင်ချင်းပင် ချစ်မိသွားကြောင်းကိုလည်း ပွင့်ပွင့်လင်းလင်းပြောခဲ့သည်။ ကံဆိုးစွာနဲ့ပဲ သူ ခြေတစ်လှမ်းနောက်ကျသွားတဲ့အတွက် သူမက ယဲ့သခင်ကြီးကို လက်ထပ်ခဲ့ရသည်။ ထို့ကြောင့် အရာအားလုံးကို သူ့ကိုယ်သူသာ အပြစ်တင်ခဲ့သည်။

သူ စစ်မြေပြင်တွင် မသေဆုံးမီတွင် သူ၏နောက်ဆုံးထွက်သက်ဖြင့် သူ့၏စစ်ဝတ်စုံမှ ဘရိုကိတ်အဝတ်စကို စုတ်ပြဲကာ သွေးစာကို ရေးမှတ်ပေးခဲ့သည်။

ဧကရာဇ်၏ အမိန့်တော်တွင် ဇာတ်လမ်းတစ်ခုလုံးကို ရှင်းလင်းစွာ ဖော်ပြထားသည်။ တော်ဝင်မိသားစုက သခင်မကြီးယဲ့ကို နိမ့်ကျစေခဲ့ကြောင်း ဝန်ခံခဲ့သည်။ ယခုမှစ၍ သူမက ယဲ့မိသားစုမှ ထွက်ခွာရမည်ဖြစ်ပြီး သူမအတွက် တော်ဝင်မျိုးရိုးအမည်ကို ပေးအပ်ခဲ့သည်။ ယဲ့မိသားစုကိုလည်း လျော်ကြေးအဖြစ် လက်ဆောင်များစွာ ပေးပို့ခဲ့သည်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now