Ch -53.1

1.8K 197 3
                                    

အခန်း ၅၃ အပိုင်း ၁

"သခင်မလေး၊ လီသခင်မက တံခါးရှေ့မှာ ဒူးထောက်နေတယ်၊ သခင်မလေးကြောင့် သူ့သားရဲ့ အလုပ်မှာ အနှောက်အယှက်ဖြစ်မှာဆိုးလို့ ဒုတိယသခင်လေးလီကို သူ့မိန်းမနဲ့ ကွာရှင်းဖို့ အတင်းအကြပ် ခိုင်းစေခဲ့တာ သူ(မ)လို့ပြောပြီး ငိုနေတယ်၊ ပြီးတော့ အမှားပေါင်းထောင်ပေါင်းများစွာကို သူ(မ)ကျူးလွန်ခဲ့တယ်လို့ သူ့ဘာသာသူ အပြစ်တင်ပြီး ငိုနေတယ်၊ ကျန်တဲ့ လီမိသားစုတွေနဲ့ ဘာမှမဆိုင်ဘူးလို့လဲ သူ(မ)က ပြောနေတယ်"

ရှောင်းယိုနဥ်က သူမ၏ဆံပင်ကို ဖြီးနေစဥ် ထိုသတင်းကိုကြားသောကြောင့် ရွံရှာသွားသည်။

ယွမ်ကော်က သူမ၏အင်္ကျီလက်ဝများကို လှန်လိုက်ပြီး လီသခင်မကို မောင်းထုတ်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ "အော် သူက သူတော်ကောင်းမိန်းမကြီးပေါ့လေ၊ အဲ့မိန်းမကြီးက တော်တော်အရှက်ကင်းမဲ့တာပဲ၊ အနည်းဆုံးတော့ သူက ယုတ်မာတဲ့ အပြုအမူတွေအစား သူ့ရာထူးနဲ့လိုက်ဖက်တဲ့ စရိုက်ကောင်းတဲ့ပုံံစံနဲ့ သရုပ်ဆောင်သင့်တာ၊ သခင်မလေးက သူတို့ရဲ့ လီမိသားစုကို ထိခိုက်စေတယ်လို့ ပြောပြီး သခင်ကြီးနဲ့ သခင်မလေးကို ရန်စနေတာလား၊ သူ(မ) ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"

ယွမ်ကော်က အလွန်အမင်းတွေးတောခြင်းကို မကြိုက်သော်လည်း တစ်ချက်ကြည့်လိုက်ရုံဖြင့် လီသခင်မ၏အစီအစဥ်သည် အလွန်မိုက်မဲလွန်းသည်ကို သူမ သိနိုင်သည်။

"မသွားနဲ့ ပြန်လာပြီး ဆံပင်ကို ဆက်ဖြီးပေး" ရှောင်းယိုနဥ်က သူမကို ပြန်ခေါ်လိုက်တာမို့ ယွမ်ကော်က ဒေါသတကြီး ခြေထောက်ကို စောင့်နင်းလိုက်သည်။ "သခင်မလေး၊ အရှက်မရှိတဲ့သူက ဂိတ်ပေါက်မှာ လှည့်စားနေတာလေ!"

"သူ(မ)က သရုပ်ဆောင်နေတာလို့ မင်းပဲ ခုနက ပြောတာလေ၊ အပြစ်ရှိတဲ့သူက အရင်ဦးအောင် တိုင်တန်းနေတယ်၊ မြို့တော်ကလူတွေက တခြားလူဆီကနေ အလှည့်စားခံရလောက်အောင် မိုက်မဲနေတာ မဟုတ်ဘူး" သူမက မှန်ကိုကြည့်နေရင်း အေးစက်စွာ ရယ်နေသည်။

"ဒါ့အပြင် သူ(မ)က အမြဲတမ်း ဒီလို အရှက်ကင်းမဲ့နေတာလေ၊ ခုလိုအချိန်မျိုးက သူ(မ) ဘယ်လောက် အရှက်မဲ့နိုင်တယ်ဆိုတာကို ပြသပေးလိမ့်မယ်၊ သူ့ချွေးမအသစ်က သူတို့မိသားစုနဲ့ လက်ထပ်ထားပေမယ့် သူတို့ကို သြဇာအာဏာနဲ့ ခြိမ်းခြောက်ပြီး သူ့မိခင်အိမ်ဆီ ပြန်သွားတယ်၊ ချွေးမက ဖျော်ဖြေရေးသမားတွေကို သူတို့နေအိမ်ကို ဝင်ရောက်ဖို့ တောင်းဆိုပြီး သူ့သားခေါင်းပေါ်ကို အစိမ်းရောင် ဆိုးဆေးတွေ ပုလင်းလိုက် လောင်းချထားတာ၊ အဲ့တာကြေင့် သူ(မ) ဘယ်မှာလဲ အရှက်ရှိတော့မလဲ၊ သူ့ချွေးမက အဲ့လိုပုလင်းလိုက် တကယ်လောင်းချတော့မှ သူ(မ)က အကြီးဆုံးမင်းသမီးနဲ့ သူ့ရဲ့ဆက်ဆံရေးကို ဖြတ်တောက်ဖို့ ကြိုးစားနေတယ်"

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now