Ch-7

3.1K 285 1
                                    

အခန်း ၇

မြို့တံခါးဖွင့်ပြီးနောက် ကျန့်ယင်က မြို့အစောင့်တပ်သားများထံ သူတို့၏ခရီးသွားလက်မှတ်များကို ပြလိုက်ပြီး မြို့တွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။

ရှောင်းယိုနဥ်နှင့် ယွမ်ကော်တို့လည်း အော်သံများကြောင့် နိုးလာကြသည်။ သူတို့၏ ကုန်ပစ္စည်းများကို ကြော်ငြာရန် ကြိုးစားနေသော ဈေးရောင်းသမားများ၏ ဆူညံသံများက သူမ၏နားထဲတွင် ပဲ့တင်ထပ်နေသည်။ သူမက မနေ့ညက အဖြစ်အပျက်များကို ပြန်တွေးနေပြီး ရင်တထိပ်ထိပ် ဖြစ်နေကာ ထိုကဲ့သို့သော စိတ်လှုပ်ရှားမှုကို ကျင့်သား မရှိနိုင်သေးပေ။

"ယွမ်ကော် ငါတို့ ဘယ်ရောက်နေတာလဲ...?"

"သခင်မလေး၊ သခင်မလေးရဲ့အသံ!"

သူမ ပါးစပ်ကို ဖွင့်လိုက်သည်နှင့် ထွက်လာသော အသံက ပြာအက်အက်ဖြစ်နေပြီး သူမကိုယ်တိုင်လည်း စိတ်မသက်မသာ ဖြစ်နေကာ သူမ၏ လည်ချောင်းက အတွင်းဘက်တွင် ခြောက်သွေ့နေပြီး ငါးရိုးတစ်ချောင်းဆူးနေကဲ့သို့ နာကျင်နေသည်။ သူမက ပါးစပ်ကို ဖွင့်ပြီး 'အာ'ဟု ထပ်ပြောချင်နေသော်လည်း ချောင်းဆိုးသွားပြန်သည်။

ယွမ်ကော်က သူမ၏လက်ကို ဆန့်ကာ ရှောင်းယိုနဥ်၏နဖူးကို ထိကပ်ထားရင်း အံ့အားသင့်နေကာ "သခင်မလေး၊ သခင်မလေးမှာ အဖျားရှိနေတယ်! သခင်မလေးရဲ့ ခြေထောက်ကရော ဒဏ်ရာရနေတာ မဟုတ်ဘူးလား"

ရှောင်းယိုနဥ်က ယွမ်ကော်၏ကူညီဖြင့် ရထားပေါ်မှ ဆင်းလိုက်သောအခါတွင် သူမတွင် ခွန်အားလုံးဝမရှိတော့ဘဲ လေပေါ်တက်နေသလို ခံစားနေရသည်။ သူမ၏ ခြေချင်းဝတ်က ဒဏ်ရာရှိနေဆဲဖြစ်ပြီး မြေပြင်ပေါ်သို့ နင်းလိုက်သည်နှင့် နာကျင်မှုက အလွန်ပြင်းထန်လွန်းသဖြင့် သူမ၏ခွန်အားကို အသုံးမချနိုင်ဘဲ ရှေ့သို့ လဲကျသွားခဲ့ရသည်။

ယပ်တောင်တစ်ခု၏လက်ကိုင်က သူမ၏ ခန္ဓာကိုယ်ရှေ့ကို ချက်ချင်း ရောက်ရှိလာပြီး သူမကို တွန်းအားတစ်ခုဖြင့် ပြန်ထိန်းပေးလိုက်သည်။

ရှောင်းယိုနဥ် မော့ကြည့်လိုက်ချိန်တွင် ယဲ့ရှန်းက သူမအနားတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now