Ch-61.4

2.1K 196 6
                                    

အခန်း ၆၁ အပိုင်း ၄

လူများထွက်သွားပြီးနောက် ယွမ်ကော်က ဝင်လာပြီး တခစ်ခစ်ရယ်နေသည်။ ယဲ့ရှန်းက ဧည့်သည်များကို ဧည့်ခံရန် အပြင်သို့သွားရသည်။ သူအိပ်ယာထဲက မထခင် ခေါင်းငုံ့ပြီး သူမပါးပြင်ကို ခပ်သွက်သွက် ကိုက်လိုက်သည်။ သူက ရွှင်ပြုံးပြုံးရွှင်နဲ့ "ဗိုက်ဆာရင် တစ်ခုခု အရင်စားထားနော် ကိုယ် မကြာခင် ပြန်လာခဲ့မယ်"

ရှောင်းယိုနဥ်က စိတ်ပူသွားသည်။ သူ့ကို သောက်ဖြစ်အောင် လုပ်ကြမှာလေ။ မကြာခင် သူ ဘယ်လိုပြန်လာနိုင်မလဲ။

ယဲ့ရှန်း ထွက်သွားပြီးနောက် တစ်စုံတစ်ယောက်က စားစရာအချို့ကို ပေးပို့လာပြီး စားပွဲဝိုင်းကြီးပေါ်တွင် ချထားပေးခဲ့သည်။

"သခင်မလေး အဝတ်အစား အရင်လဲရအောင်" ရှောင်းယိုနဥ်က ယွမ်ကော်ကို သူမ၏ဖီးနစ်သရဖူကို ချွတ်ခွင့်ပေးလိုက်သည်။ သူမ လည်ပင်းနာနေပြီ။

ယွမ်ကော်က သူမကို အနီရောင်တောက်တောက်၀တ်စုံကို ပြောင်းလဲဝတ်ဆင်ရန် ကူညီပေးခဲ့သည်။ ဝတ်စုံက ပိုချောင်ပေမယ့် နန်းတော်ထဲကမို့ ဝတ်ရတာ သက်တောင့်သက်သာရှိလွန်းသည်။

ဆံပင်ကို ဖြေကာ အဝတ်အစားလဲပြီး စားပွဲဆီသို့ လျှောက်သွားလိုက်သည်။ သူမ တစ်ခုခုကို မစားရသေးမီ အချိန်နာရီဝက်နီးပါး ကြာသွားခဲ့သည်။

သတို့သမီး၀တ်စုံကို လဲပြီးတဲ့အခါ၊ သူမက တကယ့်အလုပ်ပင်ပန်းနေတဲ့သူနဲ့ တူနေသည်။ သူမ စားနေစဉ်တွင် သူမ၏တူများက အသားဟင်းများကိုသာ ကောက်ယူနေသည်။ ယဲ့ရှန်း ပြန်ရောက်လာတာကိုတောင် သူမ သတိ မထားမိလိုက်ပေ။ ထိုအချိန်တွင် ယွမ်ကော်က သူမကို ခုနက ပေးခဲ့တဲ့ ကြက်ပေါင်ကို သူမ ကိုက်နေသည်။

သူမနောက်မှာ ရယ်နေမှပဲ သူမ တုံ့ပြန်လိုက်နိုင်သည်။ ယဲ့ရှန်းက သူမကို ခွင့်မပြုကြောင်း ညွှန်ပြရင်း သူမခေါင်းကို ခါယမ်းနေသော ယွမ်ကော်ကို ကြည့်လိုက်သည်။

သူမ ကြက်ပေါင်များကို အမြန်ချလိုက်သည်။ ချောမွတ်နေသော လက်များကို ကြည့်ကာ သုတ်ရန် လက်ကိုင်ပုဝါ လိုချင်နေသည်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now