Ch-45.2

1.8K 204 2
                                    

အခန်း ၄၅ အပိုင်း ၂

သူ သူမကို တစ်စုံတစ်ခု ဖုံးကွယ်ထားသလားဟု မေးရန် ပြင်နေစဥ်မှာပင် ရုတ်တရက် မြင်းခွာသံများ ချဉ်းကပ်လာသည်။ သူမ ကြောက်လန့်တကြား လှည့်ကြည့်လိုက်တော့ သူတို့လာခဲ့တဲ့ တောင်ကြားလမ်းမှာ ရှည်လျားတဲ့ မီးရှူးတိုင်ကြီးကို တွေ့လိုက်ရသည်။ အမှောင်ထဲတွင် ပုံရိပ်များသည် ရှည်လျားပြီး ကွေ့ကောက်နေကာ နဂါးတစ်ကောင်နှင့် ဆင်တူနေပြီး သူတို့နယ်မြေကို စစ်ဆေးရန် ရှေ့သို့ ရွေ့လျားလာနေသည်။

"ပဉ္စမသခင်လေး"

သူမ သူ့လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ အချက်ပြလိုက်သည်။

ယဲ့ရှန်းရဲ့ မျက်လုံးတွေကလဲ အဝေးကို စိုက်ကြည့်နေသည်။ သူ့လူတွေက မတ်တတ်ထရပ်ပြီး ဓားရှည်များကို အဆင်သင့်ထုတ်ထားကြသည်။ နားထဲဝင်လာသော လေကပင် စူးရှသော အေးခဲမှုကို ကူးစက်စေခဲ့သည်။

"မကြောက်နဲ့၊ သူတို့ ရောက်လာတာကို စောင့်ပါ" သူက သူမလက်ကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ပြီး နှစ်သိမ့်ပေးနေသည်။

ရှောင်းယိုနဥ်က ဘာကြောင့် မှန်းမသိသော်လည်း သူမ ပိုနေလို့ ကောင်းလာသည်။ ဟုတ်တယ်၊ သူ ရှိနေရင် သူမ စိတ်ပူနေစရာ မလိုဘူး။

ကျန့်ယင်က သူတို့ဆီသို့ အမြန်ပြေးလာပြီး "ပဉ္စမသခင်‌လေး၊ နောက်ဆုတ်နေပါ" ဟု တည်ငြိမ်စွာ ပြောနေသည်။

ယဲ့ရှန်းက ခေါင်းယမ်းပြီး လူအုပ်ကြီး ရောက်လာမည်ကို တိတ်တဆိတ် စောင့်ဆိုင်းနေသည်။

မကြာခင်မှာ သူတို့ရောက်လာပြီး သူတို့ရဲ့မြင်းတွေဟာ ယာယီစခန်းရှေ့မှာ ရပ်သွားသည်။ လူတစ်ယောက်က လဲကျသွားပြီး သွေးတွေနဲ့ ဖုံးလွှမ်းသွားသည်။ ထိုလူက မြေပြင်ပေါ်သို့ လဲကျနေကာ သနားစရာကောင်းသော အော်သံထွက်ပေါ်လာသည်။

အစောင့်တစ်ဦးက ထိုလူကို ဓားဖြင့် ရွယ်ထားပြီး "အခု ထွက်သွား!" ဟုအော်ပြောလိုက်သည်။

ဟိုဘက်က ခေါင်းဆောင်က မြင်းပေါ်က ဆင်းလာပြီး အစောင့်တွေရှေ့မှာပဲ မြေပြင်ပေါ်လဲကျနေတဲ့ လူကို ကန်လိုက်သည်။ သူက အေးစက်စွာနဲ့ "ကြည့်စမ်း။ အဲဒါသူတို့ဟုတ်လား?!"

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now