Ch-4.2

3.8K 330 1
                                    

အခန်း ၄ အခန်း ၂

"အိုး ဒါလည်းဖြစ်နိုင်ပါတယ်" ယွမ်ကော်က နားမလည်နိုင်သော်လည်း သဘောတူလိုက်ပြီး သူမ၏ ပါးစပ်ကို ပေါင်းမုန့်ဖြင့်သာ ပိတ်ထားလိုက်တော့သည်။

အပြင်မှ တံခါးအဖွင့်အပိတ်သံကို သူမတို့ ကြားနေရပြီး အခုမှ ရောက်ခါစ လူများဟုသာ သူမတို့ ယူဆလိုက်သည်။ ယွမ်ကော်ကတော့ နားစွင့်ရန် ကြိုးစားနေသေးသည်။ သူမက ခုနက ကိစ္စနဲ့ ပတ်သက်ပြီး စိတ်ထဲကနေ သိပ်စိတ်မချနိုင်သေးဘူး၊ ညဘက်မှာ ပိုသတိရှိသင့်တယ်လို့ သူမ တွေးနေမိတယ်။

အခြားတဖက်တွင် လက်ဖက်ရည်ပူပူတစ်အိုးကို ယူပြီး ပြန်လာသော ကျန့်ယင်က တံခါးကို ပိတ်လိုက်ပြီး ယဲ့ရှန်းကို ချက်ချင်း သတင်းပို့လိုက်သည်။ "သခင်၊ ကျွန်တော်တို့ ဘေးခန်းက ရှောင်းသခင်မလေးက ကျွန်တော်တို့ကို မမှတ်မိဘူး။ မထင်မှတ်ပဲ၊ ရှောင်းမိသားစုရဲ့ ဒုတိယသခင်က သူတို့ကို စောင့်ရှောက်ဖို့ လွှတ်ထားတဲ့သူတွေတောင် ရှိတယ်။ အခုနပဲ ဧည့်ခန်းထဲမှာ သူတို့ရဲ့အစောင့်တွေ အသားစားပြီး အရက်သောက်တာကို တွေ့လိုက်တယ်၊ အဲ့ထဲက လူတချို့ကို ကျွန်တော် မှတ်မိတယ်။ ရှောင်းမိသားစုရဲ့ ညီအကိုနှစ်ယောက်က အမြဲတမ်း ကွဲလွဲနေတာ မဟုတ်ဘူးလား? ဒါက အရမ်းထူးဆန်းတယ်၊ သခင်မလေးရှောင်းက ယောကျာ်းတစ်ယောက်လို ဝတ်ထားပြီး သူ(မ)က ဘယ်ကို သွားမလို့လဲ မသိဘူး"

ယဲ့ရှန်းက မျက်ခွံတောင် လှန်မကြည့်ဘဲ သူအစေခံက လောင်းထည့်ပေးသော လက်ဖက်ရည်ကို ယူကာ တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်း ပြန်ချလိုက်သည်။

ကျန့်ယင်က သူ့မိသားစုမှ သခင်လေး၏ ဇီဇာကြောင်သည့်အလေ့အထ ပြန်ရောက်လာသည်ကို နားလည်လိုက်ပြီး "သခင်လေး၊ ရေက သိပ်မကောင်းပေမယ့် အိုးကို အကြိမ်များများ ရေနည်းနည်းနဲ့ ဆေးခဲ့ပါတယ်၊ လက်ဖက်ခြောက်ကလည်း ကျွန်တော်တို့နဲ့အတူ ယူလာတဲ့ လက်ဖက်ခြောက်မို့ သခင်လေး အဆင်ပြေမှာပါ"

ထိုစကားကိုပြောပြီးနောက် တစ်ခဏအကြာတွင် ကျန့်ယင်က သူ၏ ဇီဇာကြောင်သော သခင်လေးက လက်ကို နောက်တစ်ကြိမ် ဆန့်ထုတ်လိုက်ပြီး ခွက်ကို တွန့်ဆုတ်စွာ ကိုင်ကာ တစ်ငုံသောက်လိုက်ပြီး နောက်တစ်ကြိမ် ထပ်မထိတော့ဘဲ ပြန်ချလိုက်သည်ကို တွေ့လိုက်ရသည်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now