Ch -34

1.8K 193 4
                                    

အခန်း ၃၄

ရှောင်းယိုနဥ်က သူမ၏ ခြံဝင်းထဲသို့ ပြန်သွားပြီး ယွမ်ကော်က တံခါးပိတ်ရန် စောင့်ဆိုင်းနေခဲ့သည်။ သူမက အိပ်မွေ့ချခံရသူလို မိန်းမောနေသေးသည်။

သူမ... ယဲ့ရှန်းကို သူမအိမ်မှာ ဘယ်လိုလုပ်ပြီး နေခိုင်းခဲ့မိတာလဲ?

သူမ၏လက်များက အနည်းငယ်တုန်ခါသွားသည်။ လက်ဖက်ရည်တစ်ခွက်ကို သူမဘာသာ လောင်းထည့်လိုက်ပြီး မြန်မြန်ဆန်ဆန်သောက်ချလိုက်သည်။

ယွမ်ကော်က သူမအနားရောက်လာပြီး "သခင်မလေး၊ ပဉ္စမသခင်လေးက သခင်မလေးကို ကူ*၁ ခပ်ခဲ့တာလား။ ဘာလို့ သူ့ကို တစ်ညနေခိုင်းတာလဲ။ သတင်းတွေ ပျံနှံသွားရင်..."

သတင်းတွေ ပျံနှံသွားရင် မြို့တော်ကလူတွေက ကျွန်မတို့နောက်ကွယ်မှာ အတင်းအဖျင်းပြောမှာ မဟုတ်ဘူးလား။

ရှောင်းယိုနဥ်က ယွမ်ကော်၏ ဆိုလိုရင်းကို သိပြီး ထိုအရာက သူမကို အနည်းငယ် ခေါင်းကိုက်စေသည်။ ထိုအချိန်တွင် သူမက ခွက်ကိုချလိုက်ပြီး မျက်လုံးများ ကြည်လင်လာသည်။

"ဖြောင့်မတ်တဲ့သူက အရိပ်ကောက်မှာကို မကြောက်ဘူး။ ငါက ကွာရှင်းပြီးနေပြီ။ တခြား ဘာကြောက်စရာရှိသေးလဲ။ ပဉ္စမသခင်လေးနဲ့ ငါက အပြစ်ကင်းစင်ပြီး ကြီးကျယ်မြင့်မြတ်သူတွေမို့ ကောလဟာလတွေကို ဘာလို့ ကြောက်ရမှာလဲ!"

သူမက သူတပါးကို ဖြားယောင်းနေသလား သူမကိုယ်သူမ နှစ်သိမ့်နေသည်လား မသိနိုင်ဘဲ သူမဘာသာ ခေါင်းညိတ်နေသည်။

ယွမ်ကော်က ဘေးမှာရပ်ပြီး မျက်တောင်ခတ်လိုက်သည်။ သခင်မလေးက တကယ်မိုက်မဲတာလား ဒါမှမဟုတ် မိုက်မဲဟန်ဆောင်နေတာလားလို့ သူမ တွေးနေမိသည်။ ပဉ္စမသခင်လေးရဲ့ သူမအပေါ် ပြုမူပုံက ရှင်းရှင်းလင်းလင်း သိသာ မနေဘူးလား။ သူမတို့ နှစ်ယောက်​လုံးက အပြစ်​ကင်းတယ်တဲ့လား​။

သို့သော် ယွမ်ကော်က ဘယ်လိုပြောနိုင်ပါ့မလဲ။ ယဲ့ရှန်း၏ပြောင်းလဲမှုကို မသိဟန်ဆောင်နေခဲ့တာက ရှောင်းယိုနဥ်ကိုယ်တိုင်ပင် ဖြစ်သည်။ သူမ၏အမြင်တွင် အရင်တုန်းက ယဲ့ရှန်းက တာအိုဘုန်းကြီးဖြစ်ပြီး ထို့နောက် အကြီးအကဲတစ်ဦးဖြစ်သည်။ သူမရှေ့မှ ဤအထောက်အထားနှစ်ခုဖြင့် သူမက တင်းကျပ်သော လူမှုစည်းမျဥ်းစည်းကမ်းများဖြင့် ချုပ်နှောင်ထားဆဲဖြစ်သည်။ သူမ သူ့ကို စွဲလန်းနေတယ်ဆိုရင်တောင် ပထမခြေလှမ်းကို လှမ်းဝံ့မှာ မဟုတ်ဘူး။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now