Ch- 38.1

1.8K 199 2
                                    

အခန်း ၃၈ အပိုင်း ၁

ဧကရာဇ်က ဧည့်သည်တွေကို အထူးဖိတ်ကြားထားတာကြောင့် ဧကရီက သူမ စိတ်ထဲတွင် သံသယများရှိနေလျှင်ပင် သူတို့ကို နွေးထွေးစွာ ကြိုဆိုခဲ့သည်။

ကူနင်းနန်းတော်ရဲ့ ပင်မခန်းမကြီးထဲက လူတော်တော်များများက ရှောင်းယိုနဥ် ဝင်လာတာကို တွေ့လိုက်ကြရသည်။ ဧကရီရဲ့ကူးကူးတစ်ယောက်က သူမကို ကိုယ်တိုင်ကိုယ်ကျ ပံ့ပိုးကူညီပေးနေတာကို သူတို့ အံ့သြသွားကြသည်။ ရှောင်း မိသားစုမှ သားအဖ၏ ရှုံးနိမ့်မှုအတွက် ဧကရီက သူမကို အေးစက်စွာ မဆက်ဆံပဲ နွေးထွေးသောအပြုံးဖြင့် ကြင်နာစွာ ဆက်ဆံပြောဆိုသည်ကို မြင်သောအခါတွင် အခြားသူများအားလုံး ရင်သပ်ရှုမောနေပြီး မအံ့သြပဲ မနေနိုင်ကြပေ။

ဟွေ့ကျင့်က သူမအမေနောက်မှ ပြန်လိုက်လာပြီး ခန်းမသို့ ပြန်ရောက်သောအခါ ဧကရီက ရှောင်းယိုနဥ် နေထိုင်သည့်နေရာကို စိတ်ပူပြီး မေးမြန်းနေခဲ့သည်။ ထိုနေရာက လီချင်ကျစ်သွားခဲ့သည့်နေရာဖြစ်ကြောင်း သူမ သိလိုက်ရသောအခါ သူမ မကျေမနပ်ဖြစ်ကာ ဒေါသများ ပွက်ပွက်ဆူလာသည်။

လက်ရှိတွင် မိန်းခလေးအများစုတွင် အိမ်ထောင်မပြုရသေးသော မိန်းမပျိုများ ရှိနေသည်။ ဧကရီရဲ့ သဘောထားက ထူးဆန်းတယ်လို့ လူတိုင်းက ထင်နေကြပေမယ့် အဲဒီအကြောင်းကို သိပ်လေးလေးနက်နက် မစဉ်းစားခဲ့ကြဘူး။ ရှောင်းမိသားစုက အမှန်တကယ်ပင် တာဝန်ကျေပွန်ပြီး သြဇာအာဏာကြီးမားသော မိသားစုတစ်ခုဖြစ်သည်။ အကယ်၍ စစ်သားများက တိုက်ပွဲတွင် အမှန်တကယ် သေဆုံးခဲ့လျှင်တောင် လီမိသားစုနှင့် ရှောင်းယိုနဥ်၏ ကွာရှင်းပြတ်စဲမှုက မည်ကဲ့သို့ မှ မဖြစ်သင့်ပေ။ သူမက အမှန်တကယ်ပင် သနားစရာကောင်းသည်။

သမီးဖြစ်သူအပေါ် ရာဇ၀တ်မှု လျော့နည်းသွားခဲ့ပြီး နန်းတော်ရှိ အဆင့်မြင့်အရာရှိများက ဧကရာဇ်က သူမကို အရေးမယူခြင်းအပေါ် အပြစ်မတင်ခဲ့ပေ။ သူတို့ နယ်ခြားကိုလဲ မဆုံးရှုံးခဲ့ဘူးလေ။ အဲ့တာကိုမှ ဒီမိဘမဲ့သမီးကိုပါ အပြစ်ပေးမယ်ဆိုရင် အခြားသောနယ်စပ်မှာရှိနေတဲ့ ဗိုလ်ချုပ်များစွာရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ရင်ဆိုင်ရလိမ့်မည်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now