အခန်း ၅၈ အပိုင်း ၁
မြို့တော်တွင် ဆောင်းဦးပေါက်လာပြီး ရာသီဥတုက တဖြေးဖြေးအေးလာသောကြောင့် အစေခံတွေက ရှောင်းယိုနဥ်ရဲ့ ၀တ်စုံတွေကို ထူထဲတဲ့ပုံစံဖြစ်အောင် ပြောင်းလဲပေးလိုက်သည်။
ယွမ်ကော်က အဝါရောင် စံပယ်ပန်းပွင့်ဖြင့် ရေးချယ်ထားသော ရေပြာရောင်၀တ်စုံကို ကောက်ယူလိုက်ပြီး ရှောင်းယိုနဥ်၏ အဝတ်အစားများကို လဲလှယ်ရန် ကူညီပေးခဲ့သည်။
ပြီးတာနဲ့ နှစ်ယောက်စလုံး အဝတ်အစားများကို စစ်ဆေးကြည့်နေသည်။ သူမရဲ့ ကြာပန်းပုံလေးတွေပါတဲ့ ပန်းရောင်ပန်းထိုးဖိနပ်တွေကြောင့် သူတို့ တစ်စုံတရာကို နားလည်သဘောပေါက်လိုက်ကြသည်။ ဝတ်စုံက တော်တော်တိုနေပြီ။
"သခင်မလေးက ဒီနှစ် အရင်ထက် အရပ်ပိုရှည်လာတယ်၊ ဒါက ပြီးခဲ့တဲ့ ဆောင်းဦးရာသီမှာ ချုပ်ခဲ့တာ၊ သခင်မလေး တစ်ကြိမ်ပဲ ၀တ်ရသေးတာလေ" ယွမ်ကော်က အံ့သြစွာ ပြုံးနေပြီး နောက်တစ်ကြိမ် ထပ်ကြည့်နေပြန်သည်။
သခင်မလေးက အရပ်ရှည်လာရုံသာမကဘဲ ခါးလေးကလဲ သေးသွယ်လာပြီး ရင်ဘတ်လည်း ပိုထွားလာတယ်။
"လှတယ်၊ တကယ်လှတယ်..." ယွမ်ကော်က သူမကို အာရုံစိုက်နေပြီး သူမရဲ့ သခင်မလေး လမ်းလျှောက်ပုံက ဘယ်လောက် ကျက်သရေရှိလဲဆိုပဲပြီး သူမရဲ့ စိတ်ထဲတွင် အတွေးများနှင့် ပြည့်နှက်နေသည်။
သခင်မလေးက တကယ့်ကို လှပလွန်းတယ်။
ခဏလောက်ကြာတော့ ရှောင်းယိုနဥ်က ချီးမွမ်းခြင်းရဲ့ အဓိပ္ပါယ်ကို နားမလည်တော့ဘဲ ယွမ်ကော်ရဲ့ မျက်လုံးတွေ ဘယ်လောက်တောင် ညစ်ပတ်နေတယ် ဆိုတာ သူမ သိလိုက်တဲ့အခါ သူမ နဖူးကို ပုတ်လိုက်သည်။
"ဒီလိုအနှောက်သမားဖြစ်ဖို့ ဘယ်ကနေ သင်ယူခဲ့တာလဲ" သူမက ရှက်ကိုးရှက်ကန်းဖြင့် မျက်နှာက နီရဲနေပြီး ယွမ်ကော်က တခစ်ခစ်ရယ်နေသည်။ "သခင်မလေးက ဘာရှက်နေတာလဲ၊ ဒါက ကောင်းတဲ့အရာတစ်ခုလေ၊ ကိုယ့်ကိုကိုယ် ပြန်ကြည့်အုန်းလေ၊ အဲ့ဒီအစေခံလေးတွေဆို အမြဲတမ်း ကျွန်မကို မနာလိုဖြစ်နေပြီး ကျွန်မကို ချောင်းကြည့်နေကြတာ"

YOU ARE READING
ဒုတိယအကြိမ်...လက်ထပ်ခြင်း
Historical FictionMyanmar Translation of China Web-Novel "Second Marriage" English Title : Second Marriage Original Authors : 喵蓝 English Translators : https://www.novelupdates.com/group/wordrain/ Episode : 66...