အပိုင်း ၃၇
"ရှောင်းမိသားစုက စစ်သားတွေအများကြီးကို သတ်ထားတာတောင် သူ(မ)က ဒီကိုလာဖို့ တကယ်ကို သတ္တိရှိနေတယ်!"
စတုတ္ထအဆင့်မင်းသမီးဟွေ့ကျင့်၏မျက်နှာသည် အေးစက်သွားပြီးသည်နှင့် တပြိုင်နက် သူမ၏အသံသည် ဒေါသကြီးစွာဖြင့် ထွက်ပေါ်လာသည်။
သူမကို အလွန်မနာလိုဖြစ်နေပြီး ရန်သူဟု သတ်မှတ်ထားသော ဟွေ့ကျင့်မဟုတ်ရင်တောင် ယနေ့နန်းတော်သို့ ရောက်ရှိလျှင် ထိုသို့ဖြစ်လာမည်ဟု ရှောင်းယိုနဥ်က ကြိုသိနေခဲ့သည်။ နန်းတော်မှ အစေခံတစ်ယောက်ရောက်လာပြီး သူမကို နှုတ်ဆက်အရိုအသေပေးလာသောကြောင့် ရှောင်းယိုနဥ်က သူမရဲ့လက်ကိုင်ပုဝါကို သပ်သပ်ရပ်ရပ် ကိုင်ထားရင်း ပြန်ပြုံးပြရင်း "ဒီကူးကူးက ကျွန်မကို စောင့်ရတာ ကြာနေပြီလား။ ကျွန်မက ဒုက္ခပေးမိပြီထင်တယ်"
ရှောင်းယိုနဥ်က ဟွေ့ကျင့် ၏တည်ရှိမှုကို အသိအမှတ်ပင် မပြုခဲ့ပေ။
နန်းတော်အစေခံက သူမစကားကို ကြားတော့ ဦးညွှတ်အရိုအသေပေးရင်း "ရှောင်းသခင်မလေးက ယဉ်ကျေးလွန်းနေပါပြီ၊ ဒီအစေခံက မင်းစကားကို လက်မခံရဲပါဘူး" နန်းတွင်းအစေခံမိန်းခလေးက အပြာနုရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး အလွန်ငယ်ရွယ်ပုံပေါက်နေသည်။
ရှောင်းယိုနဥ်က ယဉ်ကျေးသိမ်မွေ့ကြောင်း သူမ သိသော်လည်း သူမက အစေခံငယ်လေးဖြစ်သောကြောင့် သူမအား တခြားသူများက ချီးကျူးပေးလျှင် သူမ လွန်စွာပျော်ရွှင်နေသေးသည်။ နန်းတော်အစေခံက သူမတို့ကိုကြည့်တဲ့အခါ တခြားမိသားစုက မိန်းမပျိုတွေက ပြန်ပြုံးပြရန်သာ ကြိုးစားရတော့သည်။
ရှောင်းယိုနဥ်က ကြင်နာသောအကြည့်ဖြင့် ပြုံးပြနေသည်။ ကူညီဖိုနန်းတော်အစေခံမိန်းခလေးက သူမကို ကူညီဖို့ သူမလက်ကို လှမ်းကိုင်လိုက်ပြီး အသံတိုးတိုးလေးနဲ့ "သခင်မလေးက နန်းတော်ထဲကို ဝင်သင့်ပါပြီ၊ ဒီအချိန်ဆို ဧကရီက စောင့်မျှော်နေလောက်ပါတယ်"
"ရှောင်းမိသားစုရဲ့ မိသားစုဝင်တွေအားလုံးက အရမ်းမောက်မာကြတာလား။ အပြစ်ရှိတဲ့ အရာရှိရဲ့သမီးက ငါ့ကိုမြင်ရင် ဘယ်လိုဦးညွှတ်ရမလဲဆိုတာ မသိဘူးလား"

KAMU SEDANG MEMBACA
ဒုတိယအကြိမ်...လက်ထပ်ခြင်း
Fiksi SejarahMyanmar Translation of China Web-Novel "Second Marriage" English Title : Second Marriage Original Authors : 喵蓝 English Translators : https://www.novelupdates.com/group/wordrain/ Episode : 66...