Ch-2.2

5.5K 507 5
                                    

အခန်း ၂.၂

လီသခင်ကြီးက သူ့၏အစောပိုင်းနှစ်များတွင် မြို့တော်အပြင်ဘက် တထုံတွင် အမှုထမ်းရန် ရာထူးခန့်အပ်ပြီး စေလွှတ်ခြင်းခံခဲ့ရသည်။ ထိုကာလများတွင် ရှောင်းမိသားစု၏ သားအဖနှစ်ဦးက နယ်စပ်ရှိ ဗျူဟာကျသော မြေပြင်ကို စောင့်ကြပ်နေချိန်ဖြစ်ကာ သူတို့အချင်းချင်း တွေ့ဆုံခဲ့သည်။ နောက်ပိုင်းတွင် လီသခင်ကြီးက အခြားရာထူးတစ်ခုသို့ ပြောင်းရွှေ့ပြီးနောက် မြို့တော်သို့ ပြန်လာကာ လက်ထောက်ဝန်ကြီးရာထူးကို ရယူပြီး စစ်ဌာနသို့ ဝင်ရောက်ခဲ့သည်။ ထိုနှစ်တွင်ပင် သူက အပြစ်တင်ခံခဲ့ရပြီး ထောင်ကျခဲ့သည်။ ရှောင်းမိသားစုမှ ဖခင်ဖြစ်သူက သူ၏အဆက်အသွယ်များကို အသုံးချကာ တရားမျှတမှုကို ရှာဖွေခဲ့ပြီး သူ့ကို ထောင်မှ ထုတ်ပေးကာ မိသားစုနှစ်စုကြားမှ လက်ထပ်ထိမ်းမြားမှုကို ဖန်တီးခဲ့သူဖြစ်သည်။

လီသခင်ကြီးက နယ်စပ်၏ အဝါရောင်သဲသောင်ပြင်တွင် နေထိုင်စဉ် နေရောင်အောက်တွင် နှစ်ပေါင်းများစွာ နေခဲ့ရသောကြောင့် သူ့၏အသွင်အပြင်က အသက်အရွယ်တူသူနှင့် နှိုင်းယှဉ်ကြည့်လျှင် အတွေ့အကြုံများစွာ ရှိပုံပေါ်နေပြီး ယေဘူယျအားဖြင့် အခြားသော အစိုးရအဖွဲ့ဝင်ဝန်ကြီးများထက် ပို၍ ခံ့ညားထည်ဝါသော အသွင်အပြင်ကို ပေးစွမ်းနိုင်သည်။

ထိုအချိန်တွင် ရှောင်းယိုနဥ်က သူမ၏ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး သူတို့ကို အေးစက်စွာ စိုက်ကြည့်နေလိုက်သည်။ အမုန်းတရားများ ပြည့်နှက်နေသော သူမ၏အသွင်အပြင်က လီသခင်ကြီးအတွက် ရှေးယခင်က အဖြစ်အပျက်များကို ပြန်အမှတ်ရစေခဲ့ပြီး သူ့၏ဂုဏ်သိက္ခာရှိလှသော မျက်နှာက ရှက်ရွံ့မှုကြောင့် နီရဲလာခဲ့သည်။

အပြင်မှ လူများက လီမိသားစုမှ လူများ၏ အသွင်အပြင်ကို ကြည့်ပြီး ငြင်းခုံသံများ ရပ်တန့်ကာ ငြိမ်သက်သွားသည်။

လီသခင်မက သူတို့ကို စာတစ်ကြောင်းတည်းနဲ့ ကြိမ်းမောင်းခဲ့သော်လည်း ရှောင်းယိုနဥ် လွတ်မြောက်သွားသည်ကို မြင်လိုက်ရသည့်အတွက် သူမ၏ရင်ထဲမှ နာကျင်နေသည်အထိ ဒေါသထွက်နေခဲ့သည်။ ကြေကွဲစရာကောင်းသော အတင်းအဖျင်း စကားတိုင်းက သူမ၏နားထဲသို့ မလွဲမသွေ ဝင်လာခဲ့ပြီး ဖြစ်သည်။ သူမက လီမိသားစု၏ဂုဏ်သိက္ခာကို ကယ်တင်လိုသောကြောင့် ခြေလှမ်းတစ်လှမ်းကို လှမ်းလိုက်သော်လည်း လီသခင်ကြီးက သူမ၏လမ်းကြောင်းကို သူ့လက်မောင်းဖြင့် ပိတ်ဆို့ကာ သူမကို ပြန်သွားရန် လက်ဟန်ပြလိုက်သည်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now