အခန်း ၂၂ အပိုင်း ၁
မနက်စာစားပြီးနောက် ရှောင်းယိုနဥ်က ရမန်သို့ ထွက်ခွာသွားခဲ့သည်။
တရားသူကြီးက လမ်းပြခေါ်ဆောင်ဖို့ အရာရှိနှစ်ယောက်ကို စေလွှတ်လိုက်ပြီး ရှောင်းဒုတိယသခင်ကြီးက သူ့ဂုဏ်သိက္ခာကို ဆယ်တင်ရန် အတူလိုက်သွားဖို့ ဆုံးဖြတ်ချက်ချခဲ့သည်။
သူမအဖေနဲ့အစ်ကို တစ်ခုခုဖြစ်နေတုန်း သူမရဲ့ဒုတိယဦးလေးဖြစ်တဲ့ သူ့ကိုမှ အားမကိုးရင် ဘယ်သူ့ကို အားကိုးရမှာတုန်း။ ယခုတစ်ကြိမ်တွင် ခန်းဝင်ပစ္စည်းကို ပြောင်းရွှေ့ခြင်းမပြုဘဲ တရားသူကြီးက သက်သေထွက်ဆိုရန် ရှိနေသောကြောင့် ယခင်ကောလဟာလများကို ဖျက်သိမ်းနိုင်ခဲ့သည်။
သူတို့အိမ်မှ ထွက်သွားပြီး ရှောင်းအန်းနဥ်က ထိုသတင်းကိုကြားသောအခါတွင် စိတ်မချမ်းမသာဖြစ်ကာ ရင်တထိတ်ထိတ်ဖြင့် ငိုကြွေးနေခဲ့သည်။
သူ့အဖေက သူ့သမီးတွေကို လမ်းမတွေပေါ်တောင် မခေါ်သွားပေမယ့် အဲဒီစိတ်အနှောက်အယှက်ဖြစ်စေတဲ့ ပင်မအိမ်တော်ကသူအတွက်တော့ အလုပ်ကနေတောင် ခွင့်ယူခဲ့သည်။
ရှောင်းအန်းနဥ်က စိတ်မကောင်းဖြစ်သွားပြီး သူမ မျက်လုံးကို မှိတ်လိုက်ပြီး အတွေးဆိုးတစ်ခု ပေါ်လာသည်။
ရှောင်းယိုနဥ်က ခန်းဝင်ပစ္စည်းတွေကို မယူခဲ့ဘူးလား။ ယခု သူမက စိတ်ပျက်အားငယ်နေပြီး ငွေမည်မျှပြန်ဆပ်ရမည်ကို မသိသောကြောင့် အနာဂတ်တွင် ထိုငွေအနည်းငယ်ဖြင့်သာ အသက်ရှင်နေနိုင်မည်။ ထိုအခြေအနေမျိုးတွင် ရှောင်းယိုနဥ်က ငွေကြေးအတွက် အလွန်စိုးရိမ်နေရမည်ဖြစ်သည်။
"လုချန်!" သူမ အပြင်ဘက်ကို လှမ်းအော်လိုက်သည်။ ပန်းထိုးလုပ်ငန်းလုပ်ကိုင်နေတဲ့ အစေခံကောင်မလေးက ပြေးဝင်လာပြီး "သခင်မလေး၊ သခင်မလေးမှာ ဘာညွှန်ကြားချက်ရှိလဲ"
"ငါ့ရဲ့ တတိယညီအမက လကိုကြည့်ဖို့ တိမ်တွေကိုတောင် ပွင့်အောင်လုပ်နိုင်တယ်၊ ဒီနေ့တော့ ခန်းဝင်ပစ္စည်းပြန်ယူတာက သူ့အတွက် ကောင်းပါတယ်။ သူ(မ) ပြန်လာတာကိုမြင်ရင် ကောင်းတဲ့စကားတွေပြောဖို့ အိမ်ကလူတိုင်းကို သွားပြောလိုက်"

ESTÁS LEYENDO
ဒုတိယအကြိမ်...လက်ထပ်ခြင်း
Ficción históricaMyanmar Translation of China Web-Novel "Second Marriage" English Title : Second Marriage Original Authors : 喵蓝 English Translators : https://www.novelupdates.com/group/wordrain/ Episode : 66...