အခန်း ၃၃ အပိုင်း ၂
"မင်းအဖေနဲ့အစ်ကိုက အဆင်ပြေ မပြေ ကိုယ် မသိဘူး၊ ဒါပေမယ့် ကိုယ် မင်းကို မပြောပြရသေးတာတစ်ခုတော့ ရှိတယ်၊ တထုံအတွက် အရှင်မင်းမြတ်ရဲ့ရိက္ခာ ခွဲဝေချထားပေးမှုက လျော့မသွားသေးဘူး၊ အဲ့နေရာအတွက် တပ်ချထားပေးတဲ့ လူ ပမာဏနဲ့ဆိုရင် အတိအကျကို အဓိပ္ပါယ်မရှိဘူး။ အချိန် အတော်ကြာ တိုက်ပွဲဝင်ပြီးမှ အချို့ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းရမှာလေ၊ အဲဒါကြောင့် ကိုယ် ဘာမှ မပြောခဲ့တာ၊ မင်းကို မျှော်လင့်ချက်တွေ အရမ်းကြီးပေးမိမှာကို ကိုယ်ကြောက်ခဲ့တယ်၊ ဒါပေမယ့် နောက်ဆုံးတော့ မင်းကို မျှော်လင့်ချက်တွေလဲ မပျောက်သွားစေချင်ဘူး"
သူက ရိုးရိုးသားသား ပြောနေတာပါ။ ရှောင်းယိုနဥ်က သူမ၏လက်များကို တင်းတင်းဆုပ်လိုက်ပြီး သူဘာကိုဆိုလိုသည်ကို နားလည်လိုက်သည်။
ဒါပေမယ့် ဒါဟာ မျှော်လင့်ချက်နည်းနည်းပဲ မဟုတ်လား။
စစ်သည်ထောင်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသော်လည်း တပ်မတော်အတွက် ထောက်ပံ့မှုမှာ လျော့ပါးသွားခြင်း မရှိပေ။ သီးသန့်စားစရိတ်အတွက်ဖြစ်လျှင်ပင် လူသောင်းချီအတွက် တစ်ပြိုင်နက်တည်း ပြင်ဆင်ရန် မဖြစ်နိုင်ပေ။ သီးသန့်စားနပ်ရိက္ခာတွေက အရမ်းအရေးကြီးတာမို့... ရှောင်းယိုနဥ်ရဲ့နှာခေါင်းတွေ တုန်ရင်နေသည်။ အရာရာတိုင်းက အကောင်းဘက်သို့ ပြန်လှည့်သွားနိုင်သည်။
ယဲ့ရှန်းက ပြောပြီးသည်နှင့် တစ်ချိန်လုံး သူမကို စောင့်ကြည့်နေခဲ့သည်။ သူမ၏ပါးပြင်ပေါ်တွင် နီရဲနေသည့်အနီကွက်များကို မြင်လိုက်ရပြီး သူမစိတ်လှုပ်ရှားနေပြီး အကောင်းဆုံးရလဒ်ကို တွေးနေမှန်း သူ သိသည်။
ကလေးမလေး၏ မျက်လုံးများတွင် မျက်ရည်စများ ထွက်ကျလာသော်လည်း ပါးစပ်ထောင့်က အနည်းငယ် ကျယ်လာသည်။ သူမ၏မျက်လုံးအောက်ရှိ မှဲ့နီလေး၏အရောင်က ယခင်ကထက် ပိုမိုတောက်ပလာပြီး သူ့မျက်လုံးကို ဖမ်းစားလာခဲ့သည်။
သူမကို အရင် ပျော်ရွှင်ခွင့်ပေးလိုက်မယ်။ နဥ်ယွမ်မှူးမတ် တစ်ခုခု တကယ်ဖြစ်ခဲ့ရင်တောင် သူမမှာ သူ ရှိနေသေးသည်။

YOU ARE READING
ဒုတိယအကြိမ်...လက်ထပ်ခြင်း
Historical FictionMyanmar Translation of China Web-Novel "Second Marriage" English Title : Second Marriage Original Authors : 喵蓝 English Translators : https://www.novelupdates.com/group/wordrain/ Episode : 66...