အခန်း ၃၁ အပိုင်း ၆
ဧကရာဇ်က အနည်းငယ် ထိတ်လန့်တုန်လှုပ်သော အမူအရာဖြင့် ထိုနေရာတွင် ရပ်နေသည်။
အမြဲတစ်ယောက်တည်းနေတက်တဲ့ လူတစ်ယောက်က သူ့ဆီမှာ လက်ထပ်ခွင့်တောင်းနေတာလား?
ဒါကလည်း မိန်းမပျိုကို ဂုဏ်ပြုပေးဖို့ပေါ့လေ။
"ဘယ်မိန်းကလေးက မင်းစိတ်ထဲမှာ ရှိနေတာလဲ" ဧကရာဇ်က တကယ်ကို အံ့သြသွားသည်။
သူ မိန်းကလေးတစ်ယောက်ယောက်ကို ချစ်မိသွားတယ်လို့ ငါ မကြားမိပါဘူး။ နန်းတော်ထဲမှာ တနေကုန် နေနေတဲ့ ကောင်လေးက မိန်းမပျိုတစ်ယောက်နဲ့ ဘယ်လို တွေ့ဆုံနိုင်တာလဲ။
"ဒါက ဗိုလ်ချုပ်ရှောင်းရဲ့သမီး ရှောင်းယိုနဥ်" ယဲ့ရှန်းက ပွင့်ပွင့်လင်းလင်း ပြောလိုက်တော့ ဧကရာဇ်ဘုရင်က တံတွေးတောင် နင်သွားသည်။ "သူ(မ)က မင်း တူရဲ့မိန်းမ မဟုတ်ဘူးလား"
သူပြောပြီးမှ သူ့အမူအကျင့်ကို မေ့သွားကြောင်း သဘောပေါက်လိုက်ပြီး "သူ(မ)က မင်းရဲ့တူမရဲ့ ဇနီးဖြစ်လုနီးပါးဖြစ်နေပြီ မဟုတ်လား"
ယဲ့ရှန်းက သူ့အကျီကို ဆွဲတင်လိုက်ပြီး ဒူးထောက်လိုက်သည်။ "လီမိသားစုက သူ(မ)ကို ကျောခိုင်းလိုက်တယ်။ သူ(မ)က လီမိသားစုနဲ့ ဘာမှမဆိုင်တော့ပေမယ့် ယခင်ဆက်ဆံရေးကြောင့် အရှင်မင်းမြတ်က မျက်နှာသာပေးဖို့ ကျွန်တော် လာတောင်းခံတာပါ။ ဒီအရာရှိက သူ(မ)ကို ဆွဲဆောင်နေတာပါ"
ဧကရာဇ်မင်းက ဒူးထောက်နေသောယဲ့ရှန်းကို ကြည့်လိုက်သည်။ လူငယ်က "ဒီအရာရှိ" ဟု ပြောခဲ့သည်။ သူက ဤစကားလုံးကို တလိုတလားနဲ့ တခါမှ မပြောဖူးသောကြောင့် ဧကရာဇ်သည် သူ လေးနက်နေကြောင်း နားလည်လိုက်သည်။
ဧကရာဇ်က ထိုစကားလုံး၏ အဓိပ္ပါယ်ကို ကောင်းစွာသိသည်။ နှစ်အတော်ကြာအောင် မလွှတ်ချင်ခဲ့ပေမယ့် ဒီနေ့တော့ လွှတ်ထားလိုက်သည်။
"မြန်မြန်ထပါ၊ အခမ်းအနားမှာလို ဒူးထောက်နေစရာ မလိုဘူး၊ အဲဒီနေ့ ရောက်ရင် ကျန်းက မင်းကို သေချာပေါက် ကောင်းချီးပေးမယ်။ ဒါပေမယ့်... နဥ်ယွမ်မှူးမတ်က ဘယ်မှာလဲ"

KAMU SEDANG MEMBACA
ဒုတိယအကြိမ်...လက်ထပ်ခြင်း
Fiksi SejarahMyanmar Translation of China Web-Novel "Second Marriage" English Title : Second Marriage Original Authors : 喵蓝 English Translators : https://www.novelupdates.com/group/wordrain/ Episode : 66...